14 ပတ် - ဘာသာပြန်ပါ။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်က ပြီးခဲ့တဲညတုန်းကအဂ်လန်ပရီးမီးယားလိဂ်ပွဲစဉ်မှာဖူလ်ဟမ်အသင်းကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာအရေးပါမှုရှိခဲ့တဲ့ တိုဘီကော်လ်လီယေလ်နဲ့လီစန်ဒရိုမာတီနက်ဇ်တို့ကိုအထူးတလည်ချီးကျူးပြောဆိုခဲ့ပါတယ်။

ဒီနေ့အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာဟာ ငါတို့အတွက်အရမ်းကိုအရေးကြီးပါတယ်။ဒီနေ့ဟာအကောင်းဆုံးပွဲစဉ်မဟုတ်ပေမဲ့ ငါတို့အနိုင်ရခဲ့ပါတယ်။ငါတို့ပွဲကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ကြပြီး ငါတို့ပွဲစဉ်အဖြစ်ငါတို့ကစားဖို့ကြိုးစားခဲ့ပေမဲ့ ငါတို့နောက်ထပ်အများကြီးပြုပြုပြောင်းလဲရဦးမှာဖြစ်တယ်လို့အာမိုရင်ကပြောဆိုခဲ့ပါတယ်။

ပွဲချိန်နောက်ဆုံးမှာဂိုးစည်းပေါ်ကနေဘောလုံးဖျက်ထုတ်ပြီးကူညီပေးနိုင်ခဲ့တဲ့ တိုဘီကော်လ်လီယေလ်နဲ့ပတ်သက်ပြီး သူ့အနေနဲ့လေ့ကျင့်မှုကောင်းကောင်းတကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဒီနေ့မှာတော့ ငါတို့အသင်းကိုကူညီနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာအနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့လီစန်ဒရိုမာတီနက်ဇ်နဲ့ပတ်သက်ပြီးလည်းသူ့အနေနဲ့ ကွင်းလယ်ကစားသမားလိုမျိုးကစားနိုင်ခဲ့ပြီး ငါတို့မှာသူလိုဘောလုံးကောင်းကောင်းထိန်းကစားနိုင်တဲ့သူမျိုးရှိတဲ့အခါငါတို့အနေနဲ့ကောင်းကောင်းကစားနိုင်ပါလိမ့်မယ်။ဒီဟာကမာတီနက်ဇ်အနေနဲ့ အရမ်းကိုကောင်းကောင်းကစားနိုင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ဘောလုံးကိုရှေ့ဘက်ပို့ပေးကစားနိုင်ခဲ့ပါတယ်လို့အာမိုရင်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image