14 ပတ် - ဘာသာပြန်ပါ။

ဂျူဗင်တပ်သို့ ချဲလ်ဆီးနောက်ခံလူဗိုင်ဂါ အငှားဖြင့် ပြောင်းရွှေ့
====================
ချဲလ်ဆီးနောက်ခံလူရီနာတိုဗိုင်ဂါဟာ ဂျူဗင်တပ်သို့ ရာသီအကုန်အထိ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာပါတယ်။
အသက် ၂၁ နှစ်ရှိ ဗိုင်ဂါဟာ ပြီးခဲ့တဲ့ နွေရာသီတွင်မှ ဘေဆယ်မှ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပေါင် ၁၁.၈ သန်းဖြင့် ပြောင်းရွှေ့လာသူ ဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲ ၁ ပွဲတည်းသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ ပေါ်တူဂီလက်ရွေးစင်ကစားသမားရဲ့ လုပ်ခကို ပေးချေရမဲ့အပြင် ငှားရမ်းခအဖြစ် ပေါင် ၃.၈ သန်းလည်း ပေးရပါမယ်။ ဒါပေမဲ့ ချဲလ်ဆီးနှင့် ဂျူဗင်တပ်တို့ရဲ့ ဗိုင်ဂါ အငှားစာချုပ်တွင် အပြီးသတ်ခေါ်ယူမဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားခြင်း မရှိပါဘူး။
ဗိုင်ဂါဟာ ချဲလ်ဆီးတွင် ဗဟိုနောက်ခံလူအဖြစ် ကစားလိုပေမဲ့လည်း နည်းပြမာရက်စ်ကာက ဘယ်နောက်ခံလူအဖြစ် အဓိက အသုံးပြုနေမှုအပေါ် စိတ်ပျက်ကာ အသင်းပြောင်းရန် ရွေးချယ်လာတာ ဖြစ်ကြောင်း သိရပါတယ်။
တဖက်တွင် ဗိုင်ဂါဟာ ပေါ်တူဂီအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားတွင် ပါဝင်လိုမှုနှင့်အတူ ပွဲကစားခွင့် ပိုမို ရရှိမဲ့ ကလပ်သို့ ပြောင်းရွှေ့လာခြင်းလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ စီးရီးအေအမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

image