AI လောကကို လှုပ်ရှားစေနိုင်ခဲ့တဲ့
DeepSeek AI
Chinese AI startup တစ်ခုဖြစ်တဲ့ DeepSeek က သူ့ရဲ့ AI models တွေက U.S. ရဲ့ ထိပ်တန်း AI systems တွေနဲ့ တန်းတူဖြစ်ပြီး ကုန်ကျစရိတ်ကတော့နည်းနည်းပဲလို့ပြောပြီးနောက်ပိုင်းမှာ AI industry တော်တော်လှုပ်ခက်သွားတယ်။
DeepSeek ဘာလို့ AI လောကကို တုန်ခါစေတာလဲ?
DeepSeek ရဲ့ DeepSeek-V3 နဲ့ DeepSeek-R1 models တွေဟာ performance အရ OpenAI နဲ့ Meta ရဲ့ ထိပ်တန်း models တွေနဲ့ တူညီသလို၊ ဈေးနှုန်းအရတော့ ပိုမိုသက်သာပါတယ်။ Nvidia H800 chips တွေကို US 6 million လောက်ပဲသုံးခဲ့တာ လို့ ဆိုပါတယ်။AI ကို dollar ဘီလျံနဲ့ချီသုံးခဲ့၊ဆက်ရင်းနှီးဘို့ရှိတဲ့ U.S. tech giant တွေ အနေနဲ့တော့ ဒီသတင်းက သတင်းဆိုးကြီးပေါ့။
OpenAI က 2022 ခုနှစ်မှာ ChatGPT ကို မိတ်ဆက်ပြီးနောက်, Chinese tech firm တွေဟာ AI chatbot arms race ထဲကို မြန်မြန်ဆန်ဆန် ဝင်လာကြပါတယ်။ အဲ့တုန်းကတော့ထွက်ခဲ့တဲ့ Baidu ကထွင်လိုက်တဲ့ Chinese ChatGPT ကတော့ အားလုံးကို စိတ်ပျက်စေခဲ့တယ်။ အဲ့မှာညိမ်သွားပြီးမှ အခုမှ Deepseek ကထကြမ်းတာ။
DeepSeek ရဲ့ low-cost, high-quality AI models တွေကြောင့် Silicon Valley မှာတောင် ချီးကျူးမှုတွေ ရတယ်။ DeepSeek-R1 ဟာ OpenAI ရဲ့ GPT-4o model ထက် 20 to 50 ဆ ပိုမိုသက်သာ တယ်လို့ဆိုပါတယ်။
ဟုတ်ကောဟုတ်ရဲ့လား?
DeepSeek ရဲ့ တကယ့် training cost အားလုံးကို မထုတ်ဖော်သေးတာကြောင့် အချို့ကတော့ DeepSeek ရဲ့ အောင်မြင်မှုကို မယုံကြည်နိုင်သေးဘူးပြောတယ်။ DeepSeek ရဲ့ Nvidia H100 chips 50,000 ခုကို ဘယ်လိုရခဲ့တာလဲ၊ U.S. export restrictions နဲ့ မညီညွတ်နိုင်တဲ့ ပြဿနာတွေပါ ထွက်လာနိုင်တယ် ဘာညာပေါ့ DeepSeek အနေနဲ့တော့ ဘာမှပြန်မတုန့်ပြန်သေးပါဘူး။
DeepSeek ရဲ့ အနောက်က ဘယ်သူတွေလဲ?
DeepSeek ဟာ Liang Wenfeng ဆိုတဲ့ hedge fund company High-Flyer ရဲ့ co-founder က ထူထောင်ခဲ့တာ။ High-Flyer က 2023 ခုနှစ်မှာ AGI (Artificial General Intelligence) field ကို၀င်မယ် ကြေညာခဲ့ပြီး DeepSeek ကို ထူထောင်ခဲ့တယ်။
DeepSeek က အခုလောလောဆယ်
တော့ AI လောကရဲ့ game changer တစ်ခုဖြစ်နေပြီ။ ဒါပေမယ့် သူတို့ရဲ့ အဆိုတွေ တကယ်မှန်လား ဒါမှမဟုတ် အချို့ကပြောသလို ဟုတ်ပမလား ဆိုတာတော့ ကြည့်ရမှာပေါ့လေ။
