နိုင်ငံတကာသတင်းများ
၁။ကိုလံဘီယာသမ္မတကအမေရိကန်မှပြည်နှင်ဒဏ်ပေးလိုက်သူများတင်ဆောင်လာမည့်လေယာဥ်များကိုဆင်းသက်ခွင့်မပြုဟုယမန်နေ့ကပြောသော်လည်းအမေရိကန်သမ္မတကကိုလံဘီယာကိုပိတ်ဆိုအရေးယူမည်၊ကိုလံဘီယာသံတမန်များကိုပြည်ဝင်ခွင့်မပေးဟုတုန့်ပြန်သဖြင့်ယနေ့တွင်ပြည်နှင်ဒဏ်ခံကိုလံဘီယာနိုင်ငံသားများတင်ဆောင်လာသည့်အမေရိကန်စစ်လေယာဥ်များကိုဆင်းသက်ခွင့်ပြုလိုက်ရသည်။
၂။ဥရောပသမဂ္ဂ၂၇နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးများသည်ရုရှားအပေါ်ပိတ်ဆိုအရေးယူမှုများသက်တမ်းတိုးရန်သဘောတူညီခဲ့သည်။
၃။ထရမ့်နှင့်ပူတင်တိုတွေ့ဆုံဆွေးနွေးလျင်ယူကရိန်းပဋိပက္ခသာမကနျူးကလီးယားလက်နက်ထိန်းချုပ်ရေးကိစ္စပါထည့်သွင်းဆွေးနွေးမည်ဟုနယူးယောက်တိုင်းမ်သတင်းစာကရေးသားဖော်ပြသည်။
၄။စင်ကာပူသည်မောင်းသူမဲ့ဘတ်စ်ကားကို၂၀၂၆ခုနှစ်လယ်တွင်စတင်စမ်းသပ်မည်ဟုကြေညာသည်။
၅။တရုတ်နိုင်ငံ၏အကြီးဆုံးအိမ်ခြံမြေကုမ္ပဏီဗန်ကီသည်ပြီးခဲ့သည့်နှစ်ကအမေရိကန်ဒေါ်လာ၆.၂ဘီလီယံရှုးကြောင်းကြေညာသည်။
NOM