လသာတွင် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ခြင်္သေ့ တိုင်တက် အကအလှနှင့် အထိမ်းအမှတ်ပွဲဈေး ကျင်းပနေ
မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုသည့်အနေဖြင့် ရန်ကုန်မြို့၊ လသာမြို့နယ်၊ စဉ့်အိုးတန်းလမ်းတွင် ခြင်္သေ့ တိုင်တက် အကအလှနှင့် အထိမ်းအမှတ်ပွဲဈေးကို ဇန်နဝါရီ (၂၅) ရက်၌ စတင်ကျင်းပနေသည်။
အဆိုပါပွဲတော်ကို ဇန်နဝါရီ (၂၅) ရက်မှ (၃၁) ရက်အထိ မဟာဗန္ဓုလလမ်း(လမ်းမတော်လမ်းမှ လသာလမ်း)တလျှောက် နံနက် (၇) နာရီမှ နေ့လယ် (၁၁) နာရီထိ ၊ ညနေ (၄) နာရီမှ ည (၁၁) နာရီထိ (၇)ရက်တိုင်တိုင်ကျင်းပသွားမည် ဖြစ်သည်။
ယင်းပွဲတော်တွင် လူသုံးကုန်၊ အလှကုန်၊ အစားအသောက်မျိုးစုံကို ရောင်းချပေးမည့် ဈေးဆိုင်ခန်းများလည်းပါဝင်ကြောင်း၊ ထို့ပြင် ခြင်္သေ့နဂါးအလှအကပြိုင်ပွဲများ၊ နာမည်ကြီး DJ များ၏ ဖျော်ဖြေတင်ဆက်မှု၊ အနုပညာရှင်များ၊ အပျော်စီးလှေ၊ ကလေ-းကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ရန် နေရာများကို ဖန်တီးပေးထားခြင်း အစရှိသည့် ပျော်ပွဲရွှင်ပွဲများ ပါဝင်ကြောင်း သိရသည်။



