14 ပတ် - ဘာသာပြန်ပါ။

ဒိုင်လူကြီးအိုလီဗာအား ခြိမ်းခြောက်ဆဲဆိုမှုအား ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ
====================
ရဲတပ်ဖွဲ့ဟာ စနေနေ့တုန်းက ဝုဗ်အား အနိုင်ရတဲ့ အာဆင်နယ်ရဲ့ ပွဲစဉ်အပြီးတွင် အွန်လိုင်းမှတဆင့် ခြိမ်းခြောက်တိုက်ခိုက်မှုများ ကြုံနေရတဲ့ ဒိုင်လူကြီးမိုက်ကယ်အိုလီဗာရဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။
အိုလီဗာဟာ ပွဲချိန် ၄၃ မိနစ်တွင် ဝုဗ်တို့ တန်ပြန်တိုက်စစ်ဆင်စဉ် မတ်ဒိုဟာတီရဲ့ ခြေကျင်းဝတ်ကို တားခဲ့တဲ့ အာဆင်နယ်နောက်ခံလူမိုင်လက်စ်လူးဝစ်စကယ်လီအား အနီကတ်ပြသခဲ့ပါတယ်။
ယင်းဆုံးဖြတ်ချက်ကို VAR ဒိုင်လူကြီးဒါရင်းအင်္ဂလန်ကလည်း ပြောင်းလဲ ဆုံးဖြတ်စေခဲ့ခြင်း မရှိဘဲ ထောက်ခံခဲ့ပါတယ်။
တဖက်တွင် ပရီးမီးယားလိဂ်နှင့် ဒိုင်အဖွဲ့ချုပ် (PGMOL)တို့ဟာ မိုက်ကယ်အိုလီဗာအား တိုက်ရိုက်ခြိမ်းခြောက်ဆဲဆိုမှုများကို ရှုံ့ချနေပါတယ်။
အိုလီဗာဟာ ယင်းပွဲစဉ်နှောင်းပိုင်းတွင်လည်း ဝုဗ်အလယ်တန်းကစားသမားဂျာအိုဂိုမက်စ်ကို ထုတ်ပယ်ခဲ့ပါတယ်။
အာဆင်နယ်ဟာ နောက်ခံလူရီကာဒိုကာလာဖီအိုရီရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ဝုဗ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။
ဒိုင်လူကြီးအိုလီဗာဟာ ယင်းဆုံးဖြတ်ချက်အတွက် ဒိုင်လူကြီးများရဲ့ ဝေဖန်မှုများ ကြုံနေရပါတယ်။

image