လက်ရှိအဂ်လန်ပရီးမီးယားလိဂ်ကလပ်လီဗာပူးလ်အသင်းတိုက်စစ်ကစားသမားဒီယေဂို ဂျိုတာက အသင်းရဲ့အဓိကတောင်ပံကစားသမားဒီယေဂိုဂျိုတာဟာ ကလပ်အသင်းသမိုင်းကြောင်းတလျှောက်အကြီးအကျယ်ဆုံးကစားသမားတွေထဲကတယောက်အဖြစ်ချီးကျူးမှုခံရသင့်တယ်လို့ ထုတ်ဖော်ချီးကျူးပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့လည်းလက်ရှိကာလမှာတော့ ဂျိုတာအနေနဲ့ ကြွက်သားဒဏ်ရာပြသနာရှိတာကြောင့်သူ့အနေနဲ့ ပွဲအတော်များများပါဝင်ကစားဖို့လွဲချော်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ကြိုးကြာနီအသင်းအနေနဲ့လည်းလက်ရှိအချိန်အာနေးစလော့ဒ်လက်အောက်ပထမဆုံးရာသီကာလမှာတော့ ဇယားထိပ်မှာဦးဆောင်ထားနိုင်ခဲ့ပါတယ်။
နောက်ဆုံးသွင်းဂိုးဟာ ဂျိုတာအနေနဲ့နော်တင်ဟမ်ဖောရက်စ်အသင်းကို ၁-၁ နဲ့သရေကျတဲ့ပွဲစဉ်မှာဖြစ်ပေါ်ခဲ့ပြီး ပခုံဒဏ်ရာကြောင့်သူ့အနေနဲ့ဘုန်းမောက်နဲ့ပွဲအပါအဝင် အက်စ်ဝှစ်ချ်အသင်းနဲ့ပွဲစဉ်ကိုပါလွဲချော်ခဲ့ပါတယ်။
ဂျိုတာအနေနဲ့ ဒဏ်ရာပြသနာရှိလာခဲ့ပြီး လက်ရှိအချိန်မှာပုံစံကောင်းရနေတဲ့ကြိုးကြာနီအသင်းဖော်အကြောင်းပြောဆိုလာခဲ့ပါတယ်။မတူညီတဲ့ခေတ်ကာလကကစားသမားတွေနဲ့နှိုင်းယှဉ်ပြောဆိုဖို့ခက်ခဲပေမဲ့ဆာလက်အနေနဲ့ ကလပ်အသင်းရဲ့ဂန္ဓဝင်ကစားသမားအဖြစ်ချီးကျူးမှုရရှိသင့်တယ်လို့ပြောဆိုခဲ့ပါတယ်။
ဒီဟာက မတူညီတဲ့ကာလမှာရှိနေတဲ့ကစားသမားတွေကိုနှိုင်းယှဉ်ဖို့ဆိုတာခက်ခဲတဲ့ကိစ္စဖြစ်ပြီး ဒီခေတ်ကာလမှာတော့အတော်လေးကွာဟမှုရှိပါတယ်။သေချာတာကတော့ ဒီကိစ္စဟာဒီလိုပြောစကားတွေမျိုးလိုအပ်နေပြီး ဆာလက်ဟာဘယ်လောက်ထိထူးခြားပြီး ငါတို့အသင်းမှာစွမ်းဆောင်ရည်ကောင်းတွေဘယ်လောက်ထိလုပ်ဆောင်ထားလဲဆိုတာကျနော်အပါအဝင်လူအတော်အများများမြင်နိုင်ပါတယ်လို့ ဂျိုတာကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
