14 w - Translate

တစ်နာရီ မိုင် ၁၅၀ အမြန်နှုန်း ရတဲ့ လျှပ်စစ် လေယာဉ်ပျံ
================================
ဆူညံမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန် ထုတ်လုပ်မှု မရှိတဲ့ လျှပ်စစ် လေယာဉ်တွေကို တီထွင်နေကြပါတယ်။ အခုတော့ Vertical Aerospace က VX4 လျှပ်စစ်လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။ လေယာဉ်ဟာ အားအပြည့်သွင်းထားရင် မိုင် ၁၀၀ မောင်းနှင်နိုင်ပြီး တစ်နာရီကို ၁၅၀ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ eVTOL အမျိုးအစား ဖြစ်ပြီး မြေပြင် ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက် အဆင်းလုပ်နိုင်ပါတယ်။ အဲဒီအတွက် လေယာဉ် ပြေးလမ်း မလိုပါဘူး။
VX4 ဟာ ပုံစံမျိုးစုံနဲ့ ပျံသန်းခဲ့ပြီး ဒီဇိုင်း၊ ထိန်းချုပ်စနစ်နဲ့ ဘက်ထရီ စွမ်းရည်ကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး လေကြောင်းလိုင်းတွေက အဲဒီ လေယာဉ်အတွက် အော်ဒါ ၁,၅၀၀ တင်ထားပြီးပြီ ဖြစ်ပါတယ်။ Vertical Aerospace ဟာ eVTOL ဈေးကွက်မှာ ရှေ့တန်းက ပြေးနေပါတယ်။
UK Civil Aviation Authority (CAA) ရဲ့ ခွင့်ပြုချက်နဲ့ ပျံသန်းခဲ့တာ ဖြစ်ပြီး ကမ္ဘာမှာ ဒီအဆင့်ကို ရောက်တဲ့ ဒုတိယမြောက် ကုမ္ပဏီ ဖြစ်လာပါတယ်။

image