14 ပတ် - ဘာသာပြန်ပါ။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လက်ချီလူငယ်ကစားသမားပက်ထရက်ခ်ဒွန်ကူကိုအသင်းဆီခေါ်ယူအားဖြည့်ရေးအတွက်ယူရိုသန်း ၃၀ တန်ကမ်းလှမ်းသစ်ကိုနောက်တကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။

ဒီမတိုင်ခင်ကာလမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပက်ထရက်ခ်ဒွန်လ်ကူကိုဝယ်ယူရေးအတွက်ယူရို ၂၇ သန်းတန်ပထမဆုံးကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမဲ့ အဆိုပါပမာဏဟာ လက်ချီအသင်းကသတ်မှတ်ထားတဲ့ယူရိုသန်း ၄၀ ထက်နည်းပါးနေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပက်ထရက်ခ်ဒွန်လ်ကူကိုအသင်းဆီခေါ်ယူအားဖြည့်ရေးအတွက်ယူရိုသန်း ၃၀ တန်ကမ်းလှမ်းမှုအသစ်ပြုလုပ်ခဲ့တယ်လို့ The Athletic သတင်းကဖော်ပြခဲ့ပါတယ်။

တကယ်လို့သူတို့အသင်းအနေနဲ့သဘောတူညီမှုရယူနိုင်ခဲ့တာကြောင့်ပက်ထရက်ခ်ဒွန်လ်ကူအနေနဲ့နည်းပြရူဘင်အာမိုရင်လက်အောက်မှာအသင်းဆီပထမဆုံးပြောင်းရွှေ့လာမဲ့ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

ပက်ထရက်ခ်ဒွန်လ်ကူအနေနဲ့ ဒီရာသီလက်ချီအသင်းနဲ့အီတလီလိဂ်မှာ ပွဲပေါင်း ၂၀ ကစားထားရာမှာ ၃ ဂိုးသွင်းယူထားခဲ့ပြီး ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image