14 w - Translate

ထရမ့်ကို ကိုလံဘီယာအညံခံလိုက်ရပြီလား?
------------------------
ထရမ့်ဟာ သူ ပြည်နှင်ဒဏ်ပေးတာကို အာခံတဲ့ ကိုလံဘီယာကို လက်တုံ့ပြန်မယ့် အတိုင်းအတာကို မြန်မြန်ရှင်းရှင်း ထုတ်ပြန်ခဲ့ပြီးနောက် FAFO ဆိုတဲ့ စာလုံးလေးလုံးပါတဲ့ ဆိုင်းဘုတ်နဲ့အတူ AI နဲ့ မွမ်းမံထားတဲ့ သူ့ဓါတ်ပုံကို သူ့ Truth Social မှာ တင်ခဲ့ပါတယ်။
ပုံတစ်ပုံက စကားလုံးတွေထက် ပိုအဓိပ္ပါယ် ရှိပါတယ်။
FAFO ဆိုတာက အများအားဖြင့် f**k around, find out လို့ အဓိပ္ပါယ်ရပါတယ်- ‘ငါ့ကိုလာမစမ်းနဲ့ ဆိုးဆိုးရွားရွား ဖြစ်သွားမယ်’ ဆိုတဲ့သဘော …’ငါ့ကို လာမရှုပ်နဲ့ မင်းတို့သေသွားချင်လို့လား’ စသဖြင့် လူမိုက်ဆန်ဆန် ဂိုဏ်းစတားဆန်ဆန် ခြိမ်းခြောက်လိုက်တဲ့သဘောပါပဲ။
အမေရိကန်က စစ်လေယာဉ်နဲ့ ပြန်ပို့တဲ့သူတွေကို လက်ခံဖို့ ငြင်းဆိုတဲ့အတွက် ထရမ့်က အမြန်ဆုံး လက်တုံ့ပြန်တဲ့အနေနဲ့ ကိုလံဘီယာကသွင်းတဲ့ ကုန်စည်တွေကို ချက်ချင်း ၂၅% အခွန်တိုးကောက်ခဲ့ပါတယ်။
ကိုလံဘီယာအပေါ် ထရမ့်ရဲ့လုပ်ရပ်က လက်တင်အမေရိကနိုင်ငံတွေနဲ့ ပြင်းထန်တဲ့ တင်းမာမှုဖြစ်စေပါတယ်။ ပထမတော့ ကိုလံဘီယာက အမေရိကန်ကုန်စည်တွေအပေါ် ၅၀% အခွန်ကောက်ပြီး တုံ့ပြန်ဖို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ထရမ့်ချမှတ်ထားတဲ့ အခွန်စည်းကြပ်မှုရဲ့ သက်ရောက်မှုကို တကယ်ခံစားရမှာ အမေရိကန် စားသုံးသူတွေပါ။ ကိုလံဘီယာကနေ ကော်ဖီ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ဓာတ်ဆီတင်သွင်းသူတွေက အပိုကုန်ကျစရိတ်ကို ရောင်းဈေးမှာ တင်လိုက်ရုံပါပဲ။
ဒါပေမယ့် ကိုလံဘီယာဟာ ထရမ့်က လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူးဆိုတာ မြန်မြန်သိလိုက်ရတယ်။ အခွန် တိုးကောက်တဲ့အပြင် ကိုလံဘီယာနိုင်ငံသားတွေအတွက် ခရီးသွားလာခွင့်ပိတ်ပင်လိုက်ပြီး အမေရိကန်က ကိုလံဘီယာအရာရှိတွေနဲ့ ဗီဇာတွေပါ ရုတ်သိမ်းလိုက်ပါတယ်- ဒီအစီအမံတွေက အစပဲရှိသေးတယ်လို့လည်း ထရမ့်က လူမှုကွန်ရက်မှာ ခြိမ်းခြောက်ပြန်ပါတယ်။
ပထမတော့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပီထရိုက သူ့နိုင်ငံသားတွေကို ရာဇ၀တ်ကောင်တွေလို မဆက်ဆံဘဲ အရပ်သားလေယာဉ်တွေပေါ်တင်ပေးတဲ့ ပြည်နှင်ခံရသူတွေကို လက်ခံမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ကိုလံဘီယာဟာ အမေရိကန်နဲ့ အဓိကကုန်သွယ်ဖက်မဟုတ်ပေမယ့် ၂၀၂၃ ခုနှစ်က အမေရိကန်ကို ကုန်စည် ဒေါ်လာ ၁၄ ဘီလီယံဖိုး တင်ပိုခဲ့ရပါတယ်။ အဲဒီထဲက ကော်ဖီကဏ္ဍတစ်ခုတည်းမှာ မိသားစု ၅၀၀,၀၀၀ ကျော် မှီခိုနေပါတယ်။ ပန်းတွေလည်း ပို့နေရပြီး ပန်းစိုက်ခင်းတွေမှာ ထောင်ချီတဲ့ တစ်ကိုယ်ရေမိခင်တွေကို အလုပ်ပေးထားရတာပါ။
ဒါနဲ့ပဲ နောက်ဆုံးတော့ ကိုလံဘီယာဟာ အခုအခါ အမေရိကန် စစ်လေယာဉ်နဲ့ ပြန်ပို့တဲ့ ရွှေ့ပြောင်းတွေကို အကန့်အသတ်မရှိ ဒါမှမဟုတ် နှောင့်နှေးမှုမရှိဘဲ ပြန်လက်ခံဖို့ သဘောတူလိုက်ပြီလို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။
ကိုလံဘီယာဟာ သဘောတူတဲ့အတိုင်းလုပ်ရင် အမေရိကန်က အခွန်စည်းကြပ်မှု/စီးပွားရေးပိတ်ဆို့မှုတွေ လုပ်တော့မှာ မဟုတ်ဘူး ဆိုပါတယ်။
ပြန်ပို့ခံရတဲ့ နိုင်ငံသားတွေကို သိက္ခာရှိရှိ ဆက်ဆံဖို့ ဝါရှင်တန်က သဘောတူခဲ့တယ်လို့တော့ ကိုလံဘီယာက ဆိုပါတယ်။ တစ်ဘက်မှာတော့ ဘရာဇီးကလည်း သူ့နိုင်ငံသားတွေကို လက်ထိပ်ခတ်ပြီး လေယာဉ်နဲ့ ပြန်ပို့တဲ့အတွက် ကန့်ကွက်ထားပါတယ်။
--
ဘယ်လိုပဲဖြစ်ဖြစ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး သမ္မတထရမ့်ဟာ သူ့ရဲ့အတွင်းစည်းထဲမှာ အပူဒဏ်ကို ခံစားနေပြီလို့ ပြောဆိုချက်တွေ ရှိပါတယ်။
အမေရိကန်သမိုင်းမှာ အကြီးမားဆုံး ပြည်နှင်ဒဏ်ပေးမယ်ဆိုတဲ့ သူ့ကတိအတိုင်းဖြစ်ဖို့ တစ်နေ့ကို လူထောင်နဲ့ချီပြီး ပြည်နှင်ဒဏ်ပေးဖို့ လိုပါတယ်။ သူ့ကတိအတိုင်း သန်းချီပြီး ပြည်နှင်ဒဏ်ပေးမယ်ဆိုရင် ကုန်ကျစရိတ်တွေ အများကြီး ရှိမှာဖြစ်ပြီး အဲဒီရန်ပုံငွေ ဘယ်ကရမလဲဆိုတဲ့ မေးခွန်းမျိုးတွေ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါသေးတယ်။
ဓါတ်ပုံကို ကြည့်ရတာတော့ လပ်ကီး လူစီယာနို သမ္မတဖြစ်လာသလို ခံစားရပါတယ်။

image