14 w - Translate

Esports လောကထဲသို့ ဝင်ရောက်လာပြီ ဖြစ်တဲ့ "Al Nassr "
"AI Nassr " ဆိုတာ ဘောလုံးနဲ့ ရင်းနှီးတဲ့ ညီအစ်ကိုတွေအတွက်တော့ စိမ်းမနေပါဘူး။ နာမည်ကြီး ဂန္တဝင်ကစားသမားတဦးဖြစ်သူ G.O.A.T တဦးလို့တောင် သတ်မှတ်ခြင်းခံထားရတဲ့ C - Roanldo ကစားနေတဲ့ ဆော်ဒီ Pro League ကလပ်အသင်းတသင်းဖြစ်ပါတယ်။ ဒီအသင်းဟာ လက်ရှိအချိန်မှာတော့ Esports ဘက်ကို စျေးကွက်ချဲ့ထွင်ဖို့ ခြေဦးလှည့်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆော်ဒီ Pro Club အသင်းဟာ သူတို့အနေနဲ့ AI NassrFC Esports ဆိုပြီး FIFA FC Pro အသင်းတသင်းကို ဖွဲ့စည်းလိုက်ပြီဆိုပြီး ကြေငြာခဲ့ပြီး အသင်းရဲ့ ကစားသမားနေရာအတွက်ကိုတော့ FIFA Esports ရဲ့ Legendary ကစားသမားဖြစ်သူ လက်ရှိ FC24 Esports World Cup Champion ဖြစ်တဲ့ "jafonsogv" ကို ခေါ်ယူခဲ့ပါတယ်။
"jafonsogv" ဟာ ပေါ်တူဂီလူမျိုး Professional FIFA ကစားသမားတဦးဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အထူးသဖြင့် ပေါ်တူဂီလူမျိုး လီဗာပူးကစားသမား Diogo Jota တည်ထောင်ထားခဲ့တဲ့ Luna Galaxy အသင်းမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ဆော်ဒီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Esports World Cup ပွဲကြီးမှာတော့ EA SPORTS FC 24 ရဲ့ ကမ္ဘာ့ Champion ဖြစ်လာခဲ့ပါတယ်။" jafonsogv" ဟာ ကစားသမားသက်တမ်းတလျှောက် ဆုကြေးငွေ စုစုပေါင်း $435,973 အထိ ရရှိထားပြီးဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်လည်း ၂၀ သာ ရှိသေးတဲ့အတွက် ဒီ ပေါ်တူဂီသားလေးအနေနဲ့ ဒီထက်ပိုပြီးများပြားတဲ့ ဆုကြေးငွေတွေ ၊ ဒီထက်ပိုတဲ့ အောင်မြင်မှုတွေကို ထပ်မံရရှိအုန်းမှာ အသေအချာပါ။ AI Nassr Esports အကြောင်းပြောရမယ်ဆိုရင်တော့ သူတို့အနေနဲ့ EA Sports FC လို့ခေါ်တဲ့ ဘောလုံး Esports မှာသာမက တခြား Esports Category တွေကို ထပ်မံချဲ့ထွင်သွားဖို့ ရှိလားဆိုတာကတော့ ကျနော်တို့အတိအကျ မသိရှိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Esports တခုနဲ့ Traditional Sport တခုပေါင်းစီးတယ်ဆိုတာဟာ ကျနော်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမယ့်ကိစ္စတခုဖြစ်ပါတယ်။

image