ဖေဖေ နေဝင်းကို အသည်းတယားယားဖြစ်အောင် ချွဲစိန်လေးလုပ်ပြနေတဲ့ နေအရာရာချော 🥰
ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက် သရုပ်ဆောင်တတ်တဲ့ လူကြမ်းပုံစံ အဆိုတော်နေဝင်းက သမီးလေးအရာရာနဲ့အတွေ့မှာတော့ အရည်ပျော်ခဲ့ရပါတယ်။ အသက် ၄ လအရွယ်သာရှိသေးပေမယ့် ဖခင်ဖြစ်သူကို အရည်ပျော်ကျအောင် ချွဲစိန်လုပ်နိုင်တဲ့ ပုံလေးတွေကို မေမေအိမ့်ချစ်ချောက မှတ်တမ်းတင်ထားတာပါ။ နေအရာရာချော ရဲ့ မျက်နှာထားပုံစံအမျိုးမျိုးကြောင့် ဖေဖေတစ်ယောက် အနမ်းတွေ တရစပ်ပေးပြီးချစ်နေပုံလေးကလည်း ပရိသတ်တွေကိုကြည်နူးစေပါတယ်။
#crd
#celenews
