ားလည်မှု ရှိပါ
***************
နားလည်မှု ဆိုတဲ့ စကားလုံးက
အရမ်းကိုလေးနက်လွန်းပါတယ်။
လောကမှာ
ချစ်စရာအကောင်းဆုံးလူက
ရုပ်အချောဆုံးလူ မဟုတ်ပါဘူး။
နားလည်မှုမြင့်မားတဲ့ လူသည်သာ လောကမှာချစ်စရာ
အကောင်းဆုံးလူပါ။
ဘာဖြစ်လို့လဲဆိုတော့
နားလည်မှုရှိတဲ့သူက
အရာရာကို ဖြည့်တွေးပေးပြီး
ခွင့်လွှတ်ပေးတတ်တဲ့လို့ပါ။
တစ်ယောက်နဲ့တစ်ယောက်
အမှားအယွင်း ရှိခဲ့ရင်တောင် ထောက်ထား ညှာတာစရာတွေကို
ပြန်ကြည့်ပြီး ဖြည့်တွေးပေးတက်ကြသူတွေပါ။
အချစ်ဆိုတဲ့ အရာကို
နားလည်မှုမထည့်ပေးရင်
အချိန်မရွေး ပြိုကျသွားစေတတ်သလို ၊
အချစ်မပါလည်း
အပြန်အလှန် နားလည်မှုရှိရင်
ကြာလာတဲ့အခါ
ခိုင်မာတဲ့သံယောဇဉ်ကြိုးကို
မွေးထုတ်ပေးနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ကဒီလူတစ်ယောက်နဲ့ပက်သက်ရတော့မယ်ဆိုရင်
သူ့ဖက်က ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်ဖက်က တက်နိုင်သလောက်နားလည်မှုရှိပေးဖို့ လိုအပ်ပါတယ်....
✍
