23 w - Translate

၃၆၀ ဆရာကြီး အန်တိုနီကတော့ ခရီးရောက်မဆိုက်ဘဲ အကွက်တွေပြလို့နေပါတယ်။ ဘက်တစ်ကစားသမားဘ၀ မိတ်ဆက်ပွဲမှာ သူ့ရဲ့ 360 Spin အကွက်ကို ပြသွားခဲ့‌ပြိး ဘက်တစ်ပရိသတ်တွေတော့ ပထမဆုံးရက်မှာပဲ စိတ်ညစ်နေလောက်ပြီလို့ အားလုံးက မှတ်ချက်ပြုနေပါတယ်။
ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့နောက် အန်တိုနီက ရာသီကုန်အထိ အငှားထွက်ကစားရတာပါ။ ယူနိုက်တက်မှာတုန်းကလည်း ဒါမျိုးအကွက်ပြခဲ့လို့ ဝိုင်းဝေဖန်ခံခဲ့ရပြီး ခြေစွမ်းမပြနိုင်တော့တဲ့အချိန်မှသာ မပြတော့တာာပါ။ ဒါတောင် တချက်တချက်မှာ သူက ထထလုပ်ခဲ့ပါ်သေးတယ်။
အခုတော့ အကွက်တွေ့တုန်းလေး တကွက်ပြလိုက်ပုံပါပဲ။ လူမှုကွန်ယက်ပေါ်မှာတော့ သူ့ရဲ့ ဗီဒီယိုက ရေပန်းစားနေပြီး ပရိသတ်တွေကြားမှာ ဟာသလုပ်စရာပါ ဖြစ်လို့နေပါတယ်။

image