တိုက်စစ်ပိုင်းက ဂိုးမရတာကို စိတ်မရှည်တော့လို့ အရှေ့ထိ လိုက်လိုက်သွားတဲ့ မာတီနက်ဇ်က ဂိုးတွေသွင်းလိုက်၊ ဖန်တီးပေးလိုက်တွေ ဆက်တိုက်လုပ်နေပြီ။ အမော်ရင်ရဲ့ နည်းစနစ်လို့ဆိုတာထက် တိုက်စစ်ကို လိုက်ကစားဖို့ မာတီနက်ဇ်က ကြိုးစားပေးရင်း ဒီလိုတွေ လုပ်ပြနိုင်တာလို့ ထင်တာပဲ။ ဗဟိုခံစစ်မှူးတဦးက ပုံမှန်ဆိုရင် တိုက်စစ်ကို ဒီလောက်ထိ လိုက်ပေးရတာမျိုးမှမဟုတ်တာ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီကနေ အကျိုးအမြတ်တွေရပါတယ်။ အရေးကြီးပွဲတွေမှာ ဂိုးသွင်းပေးတယ်။ ဖန်တီးပေးတယ်။ နိုင်ပွဲပါရတဲ့အထိဆိုတော့ ကျေနပ်စရာပဲ။ တဖက်မှာတော့ ဒီအသင်းက ဆိုးရွားညံ့ဖျင်းနေဆဲဆိုတာကို လက်ံခံရမှာဖြစ်ပြီး မြင်လည်းမြင်နေရတာပါ။ ဘယ်လိုမျိုးများ ကစားနေလဲဆိုတာ နားမလည်နိုင်အောင်ပါပဲ။
ကစားသမားအများစုက စိတ်ပျက်စရာပုံစံကို ပြနေတုန်း။ ဦးနှောက်မဲ့နေတုန်းပဲ။ ဖူလ်ဟမ်ညံ့လို့သာ သူတို့နိုင်သွားတာပါ။ ကော်လီယာရဲ့ ရှင်းထုတ်မှုမရှိခဲ့ရင်လည်း မလွယ်ဘူး။ တဦးချင်းဆိုရင်တော့ လီချာကို ကျေးဇူးတင်ရမယ်။ အာမက်၊ ဖာနန်ဒက်စ်တို့ အားထုတ်ခဲ့တယ်။ ကျန်ကစားသမားတွေကတော့ မလွယ်ကြောပဲ။
