သီတဂူဗုဒ္ဓတက္ကသိုလ်မှ ရဟန်းတော်များက ရေကန်တော်များကိုသန့်ရှင်းရေးပြုလုပ်
သီတဂူဗုဒ္ဓတက္ကသိုလ်မှ ရဟန်းတော်များက စစ်ကိုင်းတောင်ပေါ်သို့ ရေလှူဒါန်းပေးပို့လျက်ရှိသည့် ရေကန်တော်များအတွင်းရှိနေသည့် ရွှံ့နွံများကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က သန့်ရှင်းရေးပြုလုပ်ပေးတော်မူခဲ့ကြသည်။
စစ်ကိုင်းတောင်ရိုးပေါ်သို့ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည့်ရေများသည် ဧရာဝတီမြစ်ရေဖြစ်၍ ရေကန်တော်အတွင်း၌ ရွှံ့နွံများသည် တစ်နှစ်လျင် လူတစ်ဦး၏ ဒူးခေါင်းအထိမြုပ်သဖြင့် ရေကြည်ရေသန့်များဖြန့်ဝေလှူဒါန်းပေးနိုင်ရေးအတွက် ရဟန်းတော်များက နှစ်စဉ်လုပ်အားဒါနသန့်ရှင်းရေးပြုလုပ်ပေးတော်မူကြခြင်းဖြစ်သည်။
