သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ ဂိုး ၈၀ အလို
ရိုနယ်ဒို ကတော့ ဂိုးတွေပျော်ပျော်ကြီး သွင်းနေတုန်းပါပဲ ။ မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီအမှတ်ပေးပွဲစဉ်မှာ အယ်လ်နက်ဆာ အတွက် ၁ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ် ။ နောက်ထပ် ၂ ဂိုးလည်း ရခဲ့သေးပေမယ့် VAR ကြည့်ပြီး ငြင်းပယ်ခံခဲ့ရတာကြောင့် ၁ ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ ။ ဘာပဲ ဖြစ်ဖြစ် ရိုနယ်ဒို ရဲ့ ကစားသမားဘဝမှာ သွင်းဂိုးပေါင်း ၉၂၀ ပြည့်မြောက်သွားခဲ့ပါပြီ ။
