နိုင်ငံတကာသတင်းတိုများ
၁။ယမန်နေ့ကမြောက်ကိုးရီးယားသည်ရေအောက်မှပစ်လွှတ်သည့်မဟာဗျူဟာမြောက်ခရုစ်ဒုံးကျည်နှစ်စင်းကိုအောင်မြင်စွာစမ်းသပ်နိုင်ခဲ့သည်။အဆိုပါဒုံးကျည်များသည် ၁၅၀၀ကီလိုအကွာအဝေးရှိပစ်မှတ်ကိုထိမှန်အောင်ပစ်ခတ်နိုင်ခဲ့သည်။
၂။ယူကရိန်းစစ်တပ်၏စိတ်ရောဂါကုဆရာဝန်ချုပ်သည်တူရကီတွင်ဒေါ်လာခြောက်သိန်းခွဲတန်အိမ်ဝယ်လိုက်သည့်အတွက်စစ်ဆေးခံနေရသည်။
၃။နည်းပညာသူဌေးကြီးအီလွန်မတ်စ်ခ်ကဂျာမနီအရေးသည်ကမ္ဘာ့အရေးဖြစ်သဖြင့်ရွေးကောက်ပွဲတွင်ဂျာမနီပြည်သူများအနေဖြင့်လက်ယာစွန်းAfD ပါတီကိုမဲပေးရန်တိုက်တွန်းလိုက်သည်။
၄။မျိုးဆက်ငါးဆက်အသက်ရှင်သန်ဆဲဖြစ်သောတရုတ်မိသားစုတစ်ခုသည်ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်သွားသည်။
၅။အမေရိကန်သမ္မတထရမ့်သည်အစ္စရေးကိုပေါင်၂၀၀၀ဗုံးများပေးပိုပြီးသုံးစွဲရန်ခွင့်ပြုလိုက်သည်။
NOM