14 w - Translate

ဂြိုလ်တုမှ စမတ်ဖုန်းဆီသို့ တိုက်ရိုက်ချိတ်ဆက်သည့် ဝန်ဆောင်မှု ဒုတိယအဆင့်စမ်းသပ်မှုနက်ဖြန်စမည်ဟု အီလွန်မတ်ပြော

Starlink ၏ ဂြိုလ်တုမှ စမတ်ဖုန်းဆီသို့ တိုက်ရိုက်ချိတ်ဆက်သည့် Direct-to-Cell ဝန်ဆောင်မှု၏ ဒုတိယအဆင့် Beta စမ်းသပ်မှုကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း SpaceX ၏ CEO ဖြစ်သူ အီလွန်မတ် က X တွင် ကြေညာခဲ့သည်။

၎င်းသည် ပုံမှန်မြေပြင်အခြေစိုက် ဆဲလ်တာဝါတိုင်များကို မှီခိုခြင်းမပြုဘဲ ဂြိုလ်တုမှတိုက်ရိုက်ချိတ်ဆက်မှုဖြစ်သဖြင့် ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းလ်ချိတ်ဆက်မှုကဏ္ဍအတွက် ကြီးမားသော အပြောင်းအလဲ ခြေလှမ်းတစ်ရပ်ဖြစ်လာသည်။

ကမ္ဘာပေါ်တွင် ပထမဆုံးသော ထရီလီယံနာ ဖြစ်လာမည့်သူဟု စီးပွားရေးနှင့် ဘဏ္ဍာရေး ပညာရှင်များကဟောကိန်းထုတ်ထားသည့် စွန့်ဦးတီထွင် လုပ်ငန်းရှင် အီလွန်မတ်သည် လက်ရှိထရမ့်အစိုးရက အသစ်တည်ထောင်လိုက်သော ဌာနတစ်ခု၏ အကြီးအကဲအဖြစ်လည်း တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။

image