ရေနံချောင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့
မကွေးတိုင်း၊ ရေနံချောင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ယနေ့ ဇန်နဝါရီ ၂၅ ရက်ကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့လည် ၁ နာရီ ၄၁ မိနစ် ၂၄ စက္ကန့်က ရေနံချောင်းမြို့၏ အရှေ့ဘက်(၁၆) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၀ ဒသမ ၄၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၁၂)ဒီဂရီ၊ အနက်(၂၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်)တာစကေး(၃ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုအား ညောင်ဦးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
