15 w - Translate

smart parking system မှာ error တွေရှိနေတဲ့ Xiaomi SU7 sedans

Xiaomi အနေနဲ့ သူတို့ရဲ့ ကားသစ်တစ်စီးဖြစ်တဲ့ SU7 electric sedans မှာ autonomous parking system ချို့ယွင်းချက်တွေရှိနေတာကြောင့် အစီးရေ 30,931 ကျော်ကို recall plan လုပ်ဖို့ လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ အကြုံးဝင်တဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ Xiaomi-authorized after-sales service center ကို သွားရောက်ဖို့ မလိုအပ်သေးဘဲ software ပိုင်းဆိုင်ရာ တိုးတတ်ဖို့ အတွက် OTA update ကို အခမဲ့ရရှိနိုင်မှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာ Xiaomi SU7 Standard version ပိုင်ဆိုင်သူတစ်ဦးက autonomous parking လုပ်ဆောင်နေစဉ်အတွင်း မတော်တဆမှု ကြုံတွေ့ရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အဲ့ဒါကတော့ intelligent parking ထိုးနေစဉ်အတွင်း ကားရဲ့ detection system ကို သက်ရောက်မှုတွေရှိခဲ့ပြီး ခြစ်ရာတွေနဲ့ တိုက်မိခဲ့တာမျိုးတွေ ဖြစ်ခဲ့တာပါ။

ဒါကြောင့် Xiaomi ဘက်ကတော့ February 6, 2024 ကနေ November 26, 2024 အတွင်းထုတ်လုပ်ခဲ့တဲ့ SU7 Standard variant အစီးရေ 30,931 စီးကို Recall ပြန်လုပ်သွားမယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် SU7 Sedan အချို့ရဲ့ autonomous parking function မှာ cloud service’s timing synchronization ချို့ယွင်းချက်ကြောင့် တခါတရံ error ဖြစ်တာပါလို့ Xiaomi ရဲ့ တာဝန်ရှိသူတွေက တရားဝင် ထုတ်ပြန်ထားပါသေးတယ်။ အဆိုပါ ဖြစ်စဉ်ကြောင့် အခုဆိုရင် cloud service မှတဆင့် ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုအစီအစဉ်တွေကို အကောင်အထည်ဖော်ခဲ့ပြီး မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်အောင် smart parking assistance ကို protection strategy တွေ ထပ်မံထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။

နှစ်လကြာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ Xiaomi အနေနဲ့ သူတို့ရဲ့ ဖြေရှင်းချက်က လုံခြုံစိတ်ချရတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် Xiaomi SU7 ပိုင်ရှင်တွေအနေနဲ့ official service centers ကိုသွားရောက်ဖို့ မလိုတော့ဘဲ software update လုပ်ပြီး ဖြေရှင်းနိုင်တော့မှာပါ။

Xiaomi SU7 electric sedan ကို တရုတ်နိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က စတင်ရောင်းချပေးခဲ့တာဖြစ်ပြီး အစီးရေ 139,487 စီးရောင်းချခဲ့ရတယ်လို့ China EV DataTracker ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ Xiaomi SU7 ရဲ့ အရွယ်အစားက 4997/1963/1455 mm နဲ့ wheelbase of 3000 mm ရှိပြီး စျေးနှုန်းအနေနဲ့ကတော့ (21,600USD – 41,150 USD) ဝန်းကျင် အတွင်း ကျသင့်ခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း လျှပ်စစ်ကားတွေမှာက နည်းပညာမြင့် system တွေ ပါဝင်လာတယ်ဆိုပေမယ့် system ရဲ့ ချို့ယွင်းချက်တွေကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့နည်းပညာတွေကိုလည်း အပြိုင်အဆိုင်ဖော်ထုတ်လာကြပါတယ်။ ဒါကြောင့် အနာဂတ်မှာ လျှပ်စစ်ကားလောက ကျယ်ပြန့်လာဖို့ရှိနေပေမယ့် ဒီမှာတော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲပါပဲ။

image
image
image