15 w - Translate

မက္ကဆီကိုပင်လယ်ကွေ့အား ကန်ပင်လယ်ကွေ့အဖြစ် ထရမ့် ပြောင်းလဲသတ်မှတ်
+++++++++
တရားဝင်မြေပုံတွေမှာ မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့အဖြစ် ဖက်ဒရယ်အစိုးရ အမည်ပြောင်းလဲဖို့လိုအပ်နေတဲ့ အမှုဆောင်အမိန့်ကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပြီး အမည်ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်းရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။
အပြောင်းအလဲ ပြဋ္ဌာန်းဖို့အတွက်တော့ လပေါင်းများစွာ ကြာမြင့်နိုင်ပြီး ချက်ချင်းထင်ဟပ်နိုင်မှာမဟုတ်ဘူးလို့ သက်ဆိုင်ရာအာဏာာပိုင်တွေကပြောပါတယ်။ အမေရိကန်နိုင်ငံသားသားတွေဟာ ဒစ်ဂျစ်တယ်မြေပုံတွေကို နေ့စဉ်အသုံးပြုနေကြတာဖြစ်ပြီး မြေပုံမှာတရားဝင်ပြောင်းလဲဖို့တော့ အချိန်ကာလတစ်ခုကိုစောင့်ဆိုင်းရမှာဖြစ်ကြောင်း ထရမ့်ကဆိုပါတယ်။
မက္ကဆီကိုပင်လယ်ကွေ့အစား အမေရိကန်ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလဲသတ်မှတ်လိုက်တာဟာ သိပ်ကိုလှပတဲ့အမည်နာမ်စားတစ်ခုဖြစ်တယ်လို့ ဖလော်ရီဒါ ရှိ Mar-a-Lago မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ကပြောပါတယ်။
မက္ကဆီကိုပင်လယ်ကွေ့ဟာ တက္ကဆက်ကနေ ဖလော်ရီဒါပြည်နယ်အထိ မြောက်ဘက်မှာ နယ်နိမိတ်ချင်းထိစပ်တဲ့ ရေမျက်နှာပြင်ကို ဖော်ပြနိုင်ဖို့ အတွက်လွန်ခဲ့တဲ့ ၁၆၀၀ ပြည့်နှစ် နှောင်းပိုင်းကတည်းက အမည်ပေးခေါ်ဝေါ်ထားတာလည်းဖြစ်ပါတယ်။
ပင်လယ်ကွေ့ဟာ မက္ကဆီကိုနိုင်ငံ Yucatan ကျွန်းဆွယ်ကိုလည်း လွှမ်းခြုံထားပြီး National Parks Service ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ နဝမမြောက်အကြီးဆုံး ရေမျက်နှာပြင်တစ်ခုအဖြစ်လည်းတည်ရှိနေတာပါ။

imageimage