ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ (၁၁၉) နှစ်ပြည့် နှစ်ပတ်လည်ပွဲကျင်းပနေ
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ (၁၁၉) နှစ်ပြည့် နှစ်ပတ်လည်ပွဲကို ကျင်းပပြုလုပ်လျက်ရှိသည်။
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို ၁၉၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သောကြောင့် ယခုနှစ် ၂၀၂၅ ခုနှစ်၌ (၁၁၉) နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
(၁၁၉) နှစ်ပြည့် နှစ်ပတ်လည်ပွဲကို ယနေ့ ဇန်နဝါရီလ (၂၄) ရက်မှစတင်ကာ (၃) ရက်တိုင်တိုင် ပျော်ရွှင်စရာအစီအစဉ်များစွာဖြင့် ကျင်းပနေခြင်းဖြစ်သည်။
ပွဲတော်ကို ဇန်နဝါရီလ (၂၄) ရက်မှ (၂၆) ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး Music Band & kid's Dance Performa nce ၊ Magic Show အစီအစဉ်နှင့် ဂျိုကာ၏ တစ်ကိုယ်တော်ဖျော် ဖြေတင်ဆက်မှုများလည်း ပါဝင်မည် ဖြစ်သည်ဟု ကြေညာထားသည်။