Football Update News

မန်ချက်စတာစီးတီးအသင်းက ဖရန့်ဖတ်အသင်းတိုက်စစ်ကစားသမား အိုမာလ်မာမွတ်ချ်ကိုအသင်းဆီ ၄ နှစ်သက်တမ်းရှိစာချုပ်နဲ့အတူခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်တိုက်စစ်ကစားသမားဟာ အကောင်းမွန်ဆုံးခြေစွမ်းတွေပြသထားနိုင်ခဲ့တာကြောင့်ဒီရာသီကာလမှာ ပြိုင်ပွဲစုံ ၂၆ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၂၀ ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဆီပြောင်းရွှေ့လာဖို့အတွက်တော့ ကျောနံပါတ် ၇ ဝတ်ဆင်ကစားရမှာဖြစ်တာနဲ့အတူ အပိုထောင်ဆောင်းငွေ ယူရို ၅ သန်းအပါအဝင် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းအထိရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ကစားသမားအနေနဲ့ ဗီတော်လ်အက်စ်နဲ့ကူဆာနော့ဖ်တို့ပြီးနောက် ဇန်နဝါရီကာလမှာစျေးကွက်မှာအသင်းဆီရောက်လာတဲ့ ၃ ယောက်မြောက်ကစားသမားလည်းဖြစ်ပါတယ်။

ဒီဟာက ကျနော်မေ့လို့မရတဲ့နေ့ပါပဲ့။
ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းဖြစ်တဲ့မန်ချက်စတာစီးတီးအသင်းနဲ့စာချုပ်လက်မှတ်ထိုးရတာကောင်းမွန်တဲ့ခံစားမှုပါပဲ့။ကျနော်အရမ်းဝမ်းသာပြီး ကျနော့်မိသားစုကလည်းဂုဏ်ယူနေပါတယ်။ငါတို့အားလုံးမန်စီးတီးအသင်းဆီလာရတာအရမ်းပျော်ရွှင်ပါတယ်။

အဂ်လန်မှာအောင်မြင်မှုကိုနှစ်ပေါင်းများစွာရယူထားနိုင်ဆုံးအသင်းဖြစ်တဲ့မန်ချက်စတာစီးတီးအသင်းနဲ့ချန်ပီယံဆုရယူချင်တယ်ဆိုတာကျနော်မငြင်းပါဘူး။ဒါကြောင့် ကျနော့်အနေနဲ့ အနိုင်ရသူတွေရဲ့ပတ်ဝန်းကျင်ကိုဝင်ရောက်နေပြီဆိုတာကျနော်သိပါတယ်။အသင်းဖော်တွေနဲ့အသင်းအဖွဲ့ဝင်တွေဆီကနေကျနော်သင်ယူချင်ပြီး ကျနော်ဒီအသင်းရဲ့အစိတ်အပိုင်းတခုဖြစ်ချင်ပါတယ်။

ကျနော်ပွဲထွက်ကစားဖို့အာရုံစိုက်ထားပြီးတော့ အသင်းပရိသတ်တွေနဲ့တခြားသူတွေကိုမြင်အောင်ပြသဖို့ရည်မှန်းထားပါတယ်။မန်စီးတီးအသင်းအနေနဲ့ကျနော်ဘာလုပ်ဆောင်နိုင်သလဲဆိုတာမြင်ခဲ့ပါတယ်လို့ ကစားသမားအနေနဲ့ထုတ်ဖော်ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image