ပန်ဝါဘက်မှာ ကေအိုင်အေက စစ်သားစုဆောင်းမှုတွေကြောင့် ခရီးသွားနဲ့ ကားသမားတွေပါ အခက်ကြုံ

ဇန်နဝါရီ ၂၅

ကချင်ပြည်နယ်၊ ပန်ဝါဘက် ဒီရက်ပိုင်း‌ေတွမှာ ကေအိုင်အေက စစ်သား စုဆောင်း လူခေါ် နေတာကြောင့် ခရီးသွားနဲ့ ကားသမားတွေပါ အခက်ကြုံနေရကြောင်း ကားသမားတွေနဲ့ ခရီးသွား တွေဆီက သိရပါတယ်။

"စစ်သား ခေါ်တာပေါ့။ ခရီးသည်တွေ၊ ဆိုင်ကယ်သမားတွေလည်း ဆိုင်ကယ်နဲ့ တယောက်ထဲ သွားရင် ဆိုင်ကယ်ရော မှတ်ပုံတင်ရော ဖုန်းရော သိမ်းတယ်။ လိုင်းကားနဲ့ ဆိုရင်လည်း လိုင်းကားပေါ် ယောက်ျားတွေ စစ်ဆေး ဖမ်းဆီးတာတွေရှိတယ်။" လို့ ကားကြီးသမား တယောက်က ပြောပါတယ်။

ကားကြီးနဲ့ ကတော့ ‌ယောက်ျားလေး နှစ်ယောက် သွားလို့ ရတယ်လို့ သူက ပြောပါတယ်။
ပန်ဝါဘက် တပ်သား စုဆောင်းတာ ရှိပေမယ့် ကံပိုင်တည်ဘက်ကတော့ တပ်သားစုဆောင်းတာ မရှိပဲ အေးအေးဆေးဆေး သွားလာလို့ရတယ်လို့ သူက ထပ်ပြောပြပါတယ်။

"ပန်ဝါလည်း အခြေအနေ မကောင်းဘူး။ ပန်ဝါလည်း။ တအားဆွဲတယ်။ ကျနော်တို့ မနေ့က လိုင်းကားနဲ့ တက်လာတာ ကံကောင်းတော့ ပန်ဝါ မရောက်ခင်မှာ သူငယ်ချင်းကို ဖုန်းဆက်လိုက်တော့ သူလည်း ဖမ်းခံရတာတဲ့။ အဆင်မပြေဘူးတဲ့။" လို့ ခရီးသွား တယောက်က ပြောပါတယ်။

ပန်ဝါ အဝင်ဂိတ်မှာ ၂ နေရာမှာ အရင်ရက် တက်လာတဲ့လူတွေကို ကေအိုင်အေဘက်ကအယောက် ၆၀ လောက်ဆွဲသွားပြီး ဆိုဒ် တွေထဲလည်း လိုက်ဆွဲတယ်လို့ သူက ပြောပါတယ်။

ကချင်အထူးဒေသ (၁) ဌာနချုပ်ရှိရာ ပန်ဝါမြို့ကို ၂၀၂၄ အောက်တိုဘာ ၁၈ ရက် နေ့ညက ကေအိုင်အေနဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းခိုက်လိုက်တာ ဖြစ်ပါတယ်။

Photo Crd#ဒေသခံ

Credit - VOM News Agecy

#သတင်းဟင်းလေးအိုးကြီး

image