အိုစာသွားလိုက်တာ ရုပ်ပျက်နေပြီလို့ ပြောနေကြသူတွေကို သူ့ရဲ့ စိတ်ဒဏ်ရာတွေအကြောင်းကြောင့် ပြောပြလိုက်တဲ့ ဗညားဘုန်းပြည့် 😢
သူ့ရဲ့ဘေးနားက လူတွေကလည်း အဖိုးကြီးနဲ့တူနေပြီလို့ပါ ပြောကြတယ်လို့ ဆိုပါတယ်။ ယခုအချိန်ဟာ သူ့အတွက် ဘာမှမစဉ်းစားမိအောင် ဖြတ်သန်းနေရတဲ့အချိန်တွေဖြစ်ပြီး သူ့စိတ်ကိုသူပျော်အောင် ရှာကြံနေရတဲ့အချိန်ဖြစ်တယ်လို့ဆိုပါတယ်။ အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာခဲ့တဲ့သူ့အတွက်တော့ စိတ်ဒဏ်ရာတွေဟာ အချိန်တစ်ခုထိကျန်ရှိနေဦးမှာပါ။ သူ့အနေနဲ့ အနုပညာအလုပ်တွေပြန်လုပ်ဖို့တောင် ယုံကြည်မှုမရှိသေးလို့ စိတ်ရော ရုပ်ပါပြန်လည်တည်ဆောက်နေရတဲ့အချိန်လို့ဆိုပါတယ်။ သူ့ကိုသူလည်း အကောင်းဆုံးပြန်လည်တည်ဆောက်ပြီး အမြန်ဆုံးပြန်လာမယ့်အကြောင်း အသိပေးထားပါတယ်။
#celecele
