15 w - Translate

တာဝန်ယူလိုစိတ်ရှိတဲ့ယောက်ျားတယောက်ဟာ
အများကြီးတွန်းအားပေးစရာမလိုဘူး။

ဂရုစိုက်ပေးပါအုံးလား။ကာကွယ်ပေးပါအုံးလား။
ဖေးမပါအုံးလားလို့ တောင်းဆိုနေစရာမလိုဘူး။

အဲ့ဒီ့အမျိုးသားက အကြောင်းအရာတိုင်းကို သူနဲ့ဆိုင်ပစ်လိုက်တာ။ကိုယ့်ပြဿနာမှန်သမျှသူ့ပြဿနာလုပ်ပစ်ပြီး ကိုယ့်အခက်အခဲမှန်သမျှဟာလဲ သူ့အခက်အခဲပါပဲတဲ့။

ကိုယ်မပျော်ရင် သူလဲ ပျော်စရာမရှိတာမို့ ကိုယ်ကတော့သေချာပေါက် ပျော်နေရမယ်ဆိုတဲ့သဘောထားအပြည့်ရှိတဲ့သူမျိုးပေါ့။

အဲ့ဒီ့နောက်မှာ သူဟာအရာရာကိုဦးဆောင်ချင်လာတာ၊အသေးအမွှားကအစ သူတာဝန်ယူချင်လာတာကိုတွေ့ရလိမ့်မယ်။

ဖိအားတွေမရှိဘူး။တောင်းဆိုစရာတွေမရှိဘူး။
ပြည့်စုံခြင်းရဲ့ အလွန်မှာ အဆုံးရှုံးမခံချင်တာကလွဲရင် သံသယဝင်စရာမရှိတဲ့ချစ်ခြင်းအပြည့်နဲ့ ဆက်ဆံတတ်တဲ့ အမျိုးသားကမှ ကိုယ့်လူအစစ်ပဲ။

ပျော်ရမှ အချစ်ဖြစ်တယ်။
ပျော်အောင်ဖန်တီးခိုင်းရတာက
တောင်းဆိုမှုသက်သက်ပဲ။ အဲ့ဒါကိုယ့်လူမဟုတ်ဘူး။

တောင်းဆိုနေရတယ်ဆိုရင် သေချာပေါက်
ကိုယ့်အတွက်မဟုတ်တော့ဘူး။

image