15 ပတ် - ဘာသာပြန်ပါ။

One မှာ ဒုတိယအကြိမ် ရှုံးပွဲနှင့် ကြုံခဲ့ရတဲ့ ရိုးရာ လက်ဝှေ့ကျော် သန့်ဇင်

ယနေ့ ဇန်နဝါရီ (၂၄) ရက် ညပိုင်းမှာ One Championship က စီစဉ်ကျင်းပသည့် One -170 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့ဖိုက်တာ သန့်ဇင်သည် ပြိုင်ဘက် မွေထိုင်းဖိုက်တာအား ဒိုင်ပွဲရပ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

One - 170 ၏ ဒုတိယမြောက် တွဲဆိုင်းအနေဖြင့် မြန်မာဖိုက်တာသန့်ဇင်နှင့် ထိုင်းဖိုက်တာ ဆူရီယန်လက်တို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ခြင်း ဖြစ်သည်။

ပွဲစဉ်၏ ပထမအချီတွင် မြန်မာဖိုက်တာ သန့်ဇင်က ခြေကန်ချက်များ လက်သီးချက်များဖြင့် ပြိုင်ဘက်ကို အသာစီးဖြင့် ဖိအားပေးနိုင်ခဲ့သော်လည်း ဒုတိယအချီတွင် ပြိုင်ဘက်မွေထိုင်းဖိုက်တာက သန့်ဇင်အား အားပြင်းသည့်လက်သီးထိုးချက်များဖြင့် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

သန့်ဇင်သည် ပြိုင်ဘက်၏ ထိုးချက်များကြောင့် အမှတ်စဉ် (၂)ကြိမ် အရေခံရပြီး နောက်တစ်ကြိမ် ထပ်အလဲတွင် ဒိုင်က ပြိုင်ဘက်အား အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

သန့်ဇင်သည် ယခုပွဲ အပါအဝင် One တွင် (၄)ပွဲကစားထားပြီး (၂)ပွဲနိုင် (၂)ပွဲရှုံးနိမ့်ထားသည်။

image