15 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်တွင် ၇ရက်တိုင်တိုင် တရုတ်နှစ်သစ်ကူးဈေးရောင်းပွဲတော် ကျင်းပမည်
၂၀၂၅၊ဇန်နဝါရီလ၊၂၃ရက်
ရန်ကုန်မြို့ ၊လသာမြို့နယ်တွင် တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အဖြစ် ဇန်နဝါရီ ၂၅ ရက် နေ့မှ ၃၁ ရက်နေ့အထိ ၇ ရက်တိုင် တိုင် ဈေးရောင်းပွဲတော်ကို ကျင်းပသွား မယ်လို့ သိရပါတယ်။
လာမယ့် ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကျရောက်မည့် တရုတ်နှစ်သစ်ကူးနေ့ကို ကြိုဆိုတဲ့အနေဖြင့် ဈေး ရောင်းပွဲ တော်ကိုကျင်းပတာဖြစ်ပြီး လသာမြို့နယ်၊မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိတဲ့ လမ်းမတော်လမ်းမှ လသာလမ်း တစ်လျှောက် နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအထိ လည်းကောင်း၊ ညနေ ၄ နာရီမှ ည ၁၁ နာရီအထိလည်း ကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဈေးရောင်းပွဲတော်မှာ အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေအပြင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များရောင်းချမယ့် ဆိုင်ခန်းများပါဝင်မှာ ဖြစ်ပြီး တရုတ်ရိုးရာ ခြင်္သေ့အက၊ နဂါးအကများဖြင့် ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ဈေးရောင်းပွဲတော်ကို လာရောက်ကြမယ့် သူတွေကို တရုတ်ရိုးရာမုန့်တွေနဲ့ ဧည့်ခံကျွေးမွေးမယ့် အစီစဉ်လည်း ပါဝင်မှာလဲ ဖြစ်ပါတယ်။
ဓါတ်ပုံ-Thirilwin
#crd #ပြည်တွင်းသတင်း #ဈေးရောင်းပွဲတော် #တရုတ်နှစ်သစ်ကူး

image
image
image