15 w - Translate

BODYGUARD ( 2020 )

အချစ်ဆိုတာမျိုးကမထင်မှတ်ပဲအခြေအနေမျိုးစုံမှာရုတ်တရက်ထွက်ပေါ်တတ်လာတာမျိုးပါ။ကိုယ်ချစ်တဲ့သူကို သက်ဆုံးတိုင်ကာကွယ်ပေးချင်တယ်။စောင့်ရှောက်ပေးချင်တယ်။
ဒီကားလေးကတော့ ၂၀၂၀ကထွက်ရှိထားပြီးAction/Drama အမျိုးအစားကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဆူဝန်ဆိုတဲ့သူတစ်ယောက်ကဘဝမှာအသက်ထက်ချစ်ရတဲ့ ချစ်သူကိုဆုံးရှုးပြီးနောက်ဘဝကိုပေပေတေတေနေလာခဲ့ပါတယ်။သူမှာသူငယ်ချင်းနှစ်ယာက်ရှိတယ်။ထယ်ယောင်း၊ချောလေးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ငွေချေးလုပ်ငန်းတစ်ခုမှာ လူမိုက်ဝင်လုပ်နေခဲ့တယ်။တရက်မှာတော့မထင်မှတ်ပဲ သူဘဝထဲကိုသူချစ်သူအခြေအနေနဲ့တူတဲ့ ထူးဆန်းတဲ့အမျိုးသမီးတယောက်ရုတ်တရက်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီကောင်မလေးကို ဆူဝန်ကကာကွယ်ပေးဖိုဖြစ်လာခဲ့သလိုသူမအတွက်ဆိုအမြဲအဆင်သင့်ရှိနေပေးရမယ့်ဘော်ဒီဂတ်တစ်ယောက်လိုဖြစ်လာခဲ့ပါတယ်။သူဘဝထဲအမှတ်မထင်ဝင်ရောက်လာတဲ့ကောင်မလေးကကော ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်တွေ့ရမှာဖြစ်လိုဇာတ်လမ်းကိုကိုယ်တိုင်ပဲခံစားကြည့်စေချင်ပါတယ်။Action ကားဆိုပေမယ့်အချစ် Romance လေးလဲပါသလိုဇာတ်လမ်းလေးကလည်းဆန်းပြီးအလှည့်အပြောင်းလေးတွေလည်းရောစပ်ထားပါတယ်။
#movie

image