15 w - Translate

ရာဖင်ညာနဲ့ မိုဆာလာကို ဒီနှစ် ဘော်လွန်ဒေါအတွက် အဓိကပြိုင်ဆိုင်ရမယ့် ကစားသမားနှစ်ဦးလို့ ဥရောပမီဒီယာတွေက ဖော်ပြကြပါတယ်။ ဒီနှစ်မှာ အားလုံးထက် ထူးခြားပြီး ကိုယ့်အသင်းအတွက် ခြေစွမ်းပြနေကြတဲ့ ကစားသမားတွေလည်းဖြစ်ပါတယ်။
ဒါပေမယ့် ရာဖင်ညာဘော်လွန်ဒေါရဖို့ဆိုရင် လာလီဂါအပြင် ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်မှဖြစ်မှာပါ။ ဘာစီလိုနာအနေနဲ့ လာလီဂါရဖို့ကိုတောင် တိုက်ပွဲဝင်ရဦးမှာဖြစ်ပြီး ချန်ပီယံလိဂ်ရဖို့ကလည်း လက်တွေ့မှာ မလွယ်ကူလှပါဘူး။
မိုဆာလာရဲ့ လီဗာပူးကတော့ ပရီးမီးယားလိဂ်ရနိုင်ခြေများနေပြီး ချန်ပီယံလိဂ်မှာလည်း ပွဲတိုင်းနိုင်ထားတဲ့ ခြေစွမ်းကိုပိုင်ဆိုင်ထားပါတယ်။
ဘာပဲဖြစ်ဖြစ် ဘော်လွန်ဒေါဆုကို ဘယ်သူရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့ထဲက တစ်ယောက်ပဲ ရသွားမလား၊ အခြားတစ်ယောက်ပေါ်ထွက်လာဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။

image