15 w - Translate

မနက်ကစားခဲ့တဲ့ တောင်အမေရိက ယူ၂၀ ပြိုင်ပွဲမှာ အာဂျင်တီးနားက ဘရာဇီးလ်ကို ၆ ဂိုးတောင် သိပ်ပေးလိုက်ပါတယ်။ ဘရာဇီးလ်တို့ ချေပဂိုးတဂိုးတောင် ပြန်မရခဲ့ဘဲ ဂိုးပြတ်ရှုံးခဲ့ပြီး မဟာပြိုင်ဘက်အသင်းကို ဒူးထောက်လိုက်ရပါတယ်။
လူကြီးအသင်းကလည်း မဟန်၊ လူငယ်အသင်းကလည်း အခြေအနေမကောင်းနဲ့ ဘရာဇီးလ်အတွက်တော့ စိတ်ပျက်စရာပါပဲ။ လူငယ်ချင်းမှာပါ အာဂျင်တီးနားကို ဂိုးပြတ်ရှုံးနေခဲ့တာပါ။ အီချီဗာရီတို့ အုပ်စုကတော့ ရသလောက်အထိ သွင်းပြီး ဘရာဇီးလ်ကို ကောင်းကောင်းပညာပေးခဲ့ပါတယ်။
ဘရာဇီးလ်ပရိသတ်တွေကတော့ ဒီရလဒ်အတွက် ဒေါသူပုန်ထနေကြပါပြီ။ သူတို့မှာ လူကြီးအသင်းအတွက်ပါ စိတ်ညစ်နေရချိန် လူငယ်တွေကပါ ဒါမျိုးဖြစ်တော့ သည်းမခံနိုင်တော့ဘူးထင်ပါတယ်။

image