Breaking News
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ကို ၂၃-၁-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ် အသက်ပြည့်ပြီး စစ်မှုထမ်းရန် အကျုံး ဝင်သည့် အမျိုးသား-အမျိုးသမီး တိုင်း စစ်မှုထမ်းကြရတော့မှာဖြစ်ပါတယ်။
သတိပြုသင့်တဲ့ အချက်က ၃.၉.၂၀၂၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည့်သူ့စစ်မှု့ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး (၆/၂၀၂၄)မှာ ပြောကြားချက်ဖြစ်တဲ့ ယခု ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း နည်ဥပဒေတွင် စစ်မှုထမ်းရန် ပျက် ကွက်ခြင်းနှင့် တိမ်း ရှောင်ရန် ကြိုးစားသူများကို ပြစ်ဒဏ်ပေး ထောင် ချမည့် အပြင် စစ်မှု ထမ်းရန် အကျုံးဝင်နေသည့် လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်ကြောင်း ထည့်သွင်းရေးဆွဲထားသည် ဆိုတဲ့ ပြောကြားချက်ဖြစ်ပါတယ်။
အဆိုပါပြောကြားချက်အတိုင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပါဝင်လာပါက စစ်မှု ထမ်းရန် အကျုံးဝင်နေသည့် လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ မဖြစ်မနေ လိုအပ်လာတော့မှာဖြစ်ပါတယ်။
