🌲ရှမ်းတိုဟူးသုပ်🌲
မလုပ်စားဖြစ်တာ အလွန်ကြာနေဘီ.. ခုနေများ တိုဟူးအိတုန်ကို အရည်ချိုစပ်လေး နဲ့ ခပ်ခပ်ပီး စားလိုက်ရရင်...
ပြုလုပ်နည်း
၁. ကြက်သွန်ဖြူထောင်းပြီး ရှာလကာရည်နဲ့ စိမ်ထားပါ၊ (ချဉ်ဆော်ကားသီးခြောက်ကို ရေနွေးစိမ်ပီး သုံးနိုင်ပါသည်)
၂. ငရုတ်သီး အကြမ်းဖတ်ကို ကြော်ထားပါ၊
၃. မြေပဲဆံလေးစိတ်ကွဲထောင်းထားပါ၊
၄. နှမ်းလှော်ထဲကို ဆီပူလေး လောင်းချထားပါ။
၅. ကြက်သွန်ဖြူကြော်ကို မညက်တညက်ထောင်းပြီး ဆီသတ်ထားတဲ့ ဆီပူလေးအုပ်လိုက်ပါ၊
၆. ထန်းလျှက်(သို့) palm sugar ကို မပြစ်မကျဲ ကြိုထားပါ၊
၇. နံနံပင်လေးလှီးထားပါ၊
၈. ပဲငံပြာရည် အကြည် ပဲငံပြာရည် အပျစ်
၉. ဆား တို့ကို အဆင်သင့် ပြင်ထားပါ၊
တိုဖူးကို အတုံးကြီးကြီးတုံးလေ့ရှိပါတယ်၊ သုံးဆောင်မည့် ပန်းကန်လုံး ထဲတွင် တိုဖူးတုံးထည့်၊ အထက်ပါ အဆာပလာတွေထည့်ပြီး ဖွဖွလေးနယ်စားရပါတယ်၊ ရှမ်းမြှစ် ခြောက်ကလေးများရနိုင်ပါက ရေနွေး စိမ်ထားပီး ထည့်သုပ်နိုင်ပါသည်။
တိုဟူးကြိုနည်း
ရှမ်းတိုဟူးလို တုန်တုန်လေး ဖြစ်အောင် ကြိုမယ် ဆိုရင် ကုလားပဲမှုန့် အစိမ်း သို့ မဟုတ် တိုဟူးမှုန့်ကို ၄-၆ နာရီ ရေစိမ်ပါ၊ အပေါ်ယံ အရည်ကြည်များကို ဖယ်ထုတ်ပစ်ပီး အောက်တွင် ကျန်နေသော အနှစ်များဖြင့် သာ ကြိုရပါသည်။ အခု လုပ်ထားတဲ့ တိုဟူးကို “ မလှိုင် မြို့က တိုဟူးမှုန့်” နဲ့ လုပ်ထားပါတယ်..မိမိသုံးသော ကုလားပဲအစိမ်းမှုန့် သို့မဟုတ် တိုဟူးမှုန့် အမျိုး အစား အပေါ်မူတည်ပီး ထည့်ရသော ရေ အချိုး အစား အနည်းငယ် ကွာနိုင်ပါတယ်.
1. တိုဟူးမှုန့် ၁၉၀ ဂရမ် ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ၆ နာရီ စိမ်ပါသည်၊
2. အပေါ်ရေ ၈၀၀ မီလီလီတာကို ဖယ်ပြစ်ပါသည်။
3. ရိုးရိုးရေ ၁၀၀၀ မီလီလီတာကို ပူလာရုံလေး ကြိုပါသည်၊
4. နနွင်း၊ ဆား အနည်းငယ်နှင့် ထန်းလျှက် တခဲ ထည့်ပါသည်၊ ( တန်းလျှက်သုံးရကောင်းမှန်း ညီမလေး ဆိုဖီယာ ထံမှ သိရပါသည်)
5. ကျန်နေသော တိုဟူး အနှစ်များကို သမအောင်မွှေပေးရင်း တည်ထားတဲ့ ရေပူထဲ ထည့်မွှေပါသည်၊ တိုဟူးခဲလာသည့် အထိ အဆက်မပြတ်မွှေပေးနေရပါသည်၊ တိုဟူးမှုန့်ရည် စထည့်ချိန်မှ ချ သည့် အထိ ၁၅ မိနစ် ကြိုပါသည်..။
6. အချိန်စေ့ပီး တိုဟူးရည် ပြစ်ခဲလာလျှင် ဗန်းထဲတွင် အအေးခံ ပီး လိုရာပုံလှီးကာ အထက်ဖော်ပြပါ အဆာ များထည့်ပီးတာနဲ့ ချိုချဉ်စပ်မွှေး အရည်ရွှဲရွှဲ ရှမ်းတိုဖူးသုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပီ။
၁၆၀ ဂရမ် = ၁၀ ဆယ်သားခန့်
၁၀၀၀ မီလီလီတာ ရေသန့်ဗူးကိုသုံးပီး ခန့်မှန်းပါ
Credit
