Khine Su Zin မျှဝေသည်။ ပို့စ်  
15 ပတ်

15 ပတ်

part_2
🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟

(၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ
ဒီရက်ဖွားများအနေနဲ့ယခုလတ်တလောတွင်စိတ်အတက်အကျမြန်နေတတ်ပြီးမိမိကိုယ်ကိုအတွက်မျှတမှု မှန်ကန်မှု များကိုအလေးပေးနေပါလိမ့်မယ်။ စီးပွားရေး နှင့် ငွေကြေးကံအသင့်အတင့် ရှိသော်လည်း ဝင်ငွေထွက်ငွေညီနေသောကြောင့် သုံးစွဲမှုကို ချင့်ချိန်ရပါလိမ့်မယ်။ လုပ်ငန်းရှင်များအနေနဲ့ အခြားသော လူမှုရေးဆိုင်ရာအရှုပ်အရှင်းများကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ပညာရေးကံကောင်းမွန်ပြီးအုပ်စုဖွဲ့လုပ်ဆောင်ခြင်း မိတ်ဆွေသူငယ်ချင်းများထံမှကောင်းကျိုးရရှိခြင်းစသောကောင်းမွန်မှုများနှင့်ကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့အာရုံကြောနှင့်ပါတ်သက်သောရောဂါများသတိပြုရပါမယ်။အချစ်ရေးနှင့် ပါတ်သက်၍ စိတ်အလိုမကျဖြစ်နေတတ်ပြီးသူ့ဘက်ကိုယ့်ဘက်အပြိုင်အဆိုင်တင်းမာမှုများဖြစ်နေတတ်သောကြောင့်မိမိ၏စိတ်ခံစားချက်နှင့်ဦးဏှောက်ကိုမျှတစွာတွေးခေါ်ရန်လိုအပ်လိမ့်မယ်။

(၇) ဂဏန်းသမားများ(၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ
ဒီရက်ဖွားတွေအနေနဲ့က အခွင့်အရေးများ အပြောင်းအလဲများ နဲ့ကြုံရတတ်ပါတယ်။ အလုပ်အကိုင် အသစ်များ အသစ်အသစ်သောစတင်မှုများပြုလုပ်ရန်ကောင်းသောကာလဖြစ်ပါတယ်။စီးပွားရေး နဲ့ငွေကြေးအသင့်အတင့်ကောင်းမွန်ပြီးအခက်အခဲများရှိပါကစတင်ပြေလည်လာနိုင်ပါတယ်။ပညာရေးတွင်မိမိရယူသင့်သော ရရှိသင့်သောအခွင့်အရေးများပေါ်လာတတ်ပါတယ်။ကျန်းမာရေး အနေဖြင့်အအေးမိခြင်း ကိုယ်လက်ကိုက်ခဲခြင်းများအပြင် ခြေချော်လက်ချော် ဖြစ်တတ်ပါတယ်။အချစ် ရေးကံအနေဖြင့် ပျော်ရွှင်စရာများကြုံရတတ်ပြီးအဆင်ပြေနေပါလိမ့်မယ်။သို့သော်မိမိပြောသောစကားများကိုသတိထားရန်လိုအပ်ပါတယ်။

(၈) ဂဏန်းသမားများ ( ၈၊ ၁၇ ၊ ၂၆) ရက်မွေးသူများ
ဒီရက်ဖွားများအနေနဲ့အခုရက်ပိုင်းမိမိစိတ်ကိုထိန်းချုပ်နေရသောသဘောရှိပါတယ်။အခက်အခဲများကြုံနေရသော်လည်းမိမိအတွက်သင့်တော်သောအခွင့်အရေးသစ်များ ကောင်းမွန်သောသတင်းများ ကြားရတတ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိပြီး မိမိကြိုးစားသလောက် အကျိုးပေးပါလိမ့်မယ်။ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်သူများအပြောင်းအလဲတခုခုရှိနိုင်ပါတယ်။ပညာရေး တွင် လမ်းပျောက်နေတတ်သော်လည်းအတွေးအမြင်အသစ်များရရှိနိုင်ပြီးမိမိရှေ့ရေးအတွက်ကောင်းမွန်မည့်လမ်းကြောင်းသစ်တခုပေါ်လာပါလိမ့်မယ်။ကျန်းမာရေး အနေဖြင့်ခါးအထက်ပိုင်းနှင့်အမြင်အာရုံဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးနှင့်ပါတ်သက်၍စကားများရတတ်ပြီးစိတ်ဖိစီးမှုများတတ်ပါတယ်။တဦးအပေါ်တဦးအထင်လွဲမှားတတ်သည်ကိုသတိပြုရပါမယ်။

(၉) ဂဏန်းသမားများ(၉၊ ၁၈၊ ၂၇) ရက်မွေးသူများ
ဒီရက်ဖွားများအနေဖြင့်ယခုလတ်တလောကံဇာတာကောင်းမွန်နေပြီးမိမိလုပ်ကိုင်သောအလုပ်များမိမိလျှောက်သောလမ်းကြောင်းများတွင်အသာစီးရပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံသင့်တင့်မျှတမှုရှိနေပြီးမိမိ၏ဝင်ငွေထွက်ငွေကိုမိမိကိုယ်တိုင်ထိန်းညှိ၍စီမံနိုင်ပါကပို၍အောင်မြငိနိုင်ပါလိမ့်မယ်။ပညာရေးတွင်မိမိလျှောက်လိုသောလမ်းကိုရွေးချယ်ပါကရှေ့လျှောက်ပို၍အဆင်ပြေနိုင်ပါတယ်။မိမိကိုယ်တိုင်စိတ်ပါဝင်စားသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး ကံကောင်းမွန်ပြီးမတော်တဆထိခိုက်မှုများနှင့်ရောဂါအခံရှိသူများသတ်ိပြုရပါမယ်။အချစ်ရေးတွင်တစ်ဖက်အပေါ်တစ်ဖက်ကအနိုင်ယူနေတတ်ပြီးလွှမ်းမိုးနိုင်တာတွေ့ရပါတယ်။အချင်းချင်းသူဖက်ကိုယ့်ဖက်တွေးပေးတတ်ရန်လိုအပ်ပါလိမ့်မယ်။


#tarotqueen