အဂ်လန်ပရီးမီးယားလိဂ်ကလပ်အသင်းကြီး ၂ သင်းဖြစ်တဲ့အာဆင်နယ်အသင်းနဲ့ချဲလ်ဆီးအသင်းတို့ဟာ ဂျုဗင်တပ်အသင်းတိုက်စစ်မှူးဒူဆာန်ဗလာဟိုဗစ်ချ်ကိုအသင်းဆီခေါ်ယူချင်နေတယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်။
ဂျုဗင်တပ်အသင်းတိုက်စစ်မှူးဒူဆာန်ဗလာဟိုဗစ်ချ်ဟာ ဒီဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ကာလမှာအသင်းအသီးသီးဆီကနေစိတ်ဝင်စားမှုခံနေရတဲ့အသင်းဖြစ်ပါတယ်။ဂျုဗင်အသင်းအနေနဲ့ကတော့ ဗလာဟိုဗစ်ချ်နေရာအစားထိုးနိုင်တဲ့ကစားသမားသစ်ကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းနဲ့အာဆင်နယ်အသင်းတို့ဟာ တိုက်စစ်ပိုင်းနေရာမှာကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့အသီးသီးစိတ်ဝင်စားမှုရှိနေပြီး ဒူဆာန်ဗလာဟိုဗစ်ချ်ဟာ ဂိုးသွင်းယူနိုင်တဲ့အရည်အသွေးရှိတာကြောင့်အသင်းဆီခေါ်ယူအားဖြည့်မဲ့ပစ်မှတ်ကစားသမားအဖြစ်ရှုမြင်နေပါတယ်လို့ The Times သတင်းကဖော်ပြခဲ့ပါတယ်။
ချဲလ်ဆီးနဲ့အာဆင်နယ်အသင်းတို့အနေနဲ့လည်း ဒူဆာန်ဗလာဟိုဗစ်ချ်ကိုခေါ်ယူရေးအတွက်ဒီဆောင်းရာသီကာလကစားသမားအပြောင်းအရွှေ့စျေးကွက်မှာကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိနေပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ကတော့ နီကိုလပ်စ်ဂျက်ခ်ဆန်အနေနဲ့ နောက်ဆုံး ၆ ပွဲမှာ ဂိုးမသွင်းယူနိုင်သေးတာကြောင့် တိုက်စစ်မှူးထပ်မံအားဖြည့်ချင်နေပါတယ်။အာဆင်နယ်အသင်းကတော့ ဂါဘရီရယ်လ်ဂျီးဆပ်စ်နဲ့ဘူခါယိုဆာကာတို့အနေနဲ့ဒဏ်ရာပြသနာကြုံတွေ့ရပြီးကာလရှည်အနားယူရမှာဖြစ်တာကြောင့်တိုက်စစ်ပိုင်းအားဖြည့်ချင်နေတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
