လိုင်လီအသင်းကစားသမားဂျိုနသန်ဒေးဗစ်အနေနဲ့ ဒီနွေရာသီကာလမှာပြင်သစ်ကလပ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေခဲ့တဲ့နောက်မှာတော့ အဆိုပါကစားသမားကိုအသင်းဆီခေါ်ယူဖို့လီဗာပူးလ်အသင်းကစိတ်ဝင်စားနေတယ်လို့အသင်းကဖော်ပြပါတယ်။
လိုင်လီအသင်းရဲ့ကနေဒါလက်ရွေးစင်တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ဟာ ဒီနွေရာသီကာလမှာပြင်သစ်ကလပ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး သူ့အနေနဲ့လည်း အန်ဖီးလ်ကွင်းဆီပြောင်းရွှေ့ကစားဖို့အခွင့်အရေးရှိနေတယ်လို့ The Mirror သတင်းကဖော်ပြခဲ့ပါတယ်။
ဒီမတိုင်ခင်မှာတော့ အသက် ၂၅ နှစ်အရွယ် ကစားသမားဂျိုနသန်ဒေးဗစ်အနေနဲ့လီဗာပူးလ်အသင်းကခေါ်ယူချင်နေတဲ့ကစားသမားစာရင်းမှာရှိဖူးခဲ့ပြီး လက်ရှိမှာတော့ ကြိုးကြာနီအသင်းဟာအဆိုပါကစားသမားကိုချိတ်ဆက်နေတဲ့သတင်းတွေထွက်ပေါ်လာစေတာဖြစ်ပါတယ်။သူ့အနေနဲ့ ပြင်သစ်ကလပ်အသင်းနဲ့စာချုပ်သက်တမ်းဆက်တိုးမှာမဟုတ်ဘူးလို့ခန့်မှန်းရပါတယ်။
ဂျိုနသန်ဒေးဗစ်အနေနဲ့ ဒီနွေရာသီကာလမှာ ပရီးမီးယားလိဂ်ဆီပြောင်းရွှေ့ကစားချင်စိတ်ရှိပေမဲ့ သူ့စိတ်ဝင်စားတာဒီလိဂ်ပြိုင်ပွဲတခုတည်းမဟုတ်ပါဘူး။အဆိုပါကစားသမားအနေနဲ့ သူ့ရဲ့ကစားသမားဘ၀မှာတိုးတက်မှုရှိဖို့အတွက်ပါစဉ်းစားသုံးသပ်နေတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
