ခံစစ်မာစတာကြီး မော်ရင်ဟိုရဲ့ တိုက်စစ်မာစတာ အခိုက်အတန့်များ
----------------
မော်ရင်ဟိုကို အားလုံးသိကြတာ ခံစစ်ပိတ်တယ်၊ တိုက်စစ်က နိုင်ရုံလောက်ဂိုးသွင်းပြီး အနိုင် ၃ မှတ်ယူမယ်၊ ပြီးရင် ဆုဖလားတွေကို ဆွတ်ခူးပြမယ်။ သူ့ရဲ့ ဂန္တဝင်စကားကြီးကိုပဲ ကြည့်လေ- " မင်းဘောလုံး ကိုင်ချင်ရင် ကိုင်၊ ငါကတော့ အနိုင် ၃ မှတ်ပဲ ယူမယ်၊ မင်းကတော့ ပွဲပြီးရင် ဘောလုံးအိမ်သယ်သွားပေါ့ " ဆိုတဲ့အတိုင်းပဲ မော်ကြီးခံစစ်ကို မဖောက်နိုင်လို့ ဘောလုံးပဲ အိမ်သယ်သွားရတဲ့ အသင်းတွေနည်းမှ မနည်းပဲကို။
ဒါပေမယ့် အခုပြောမှာက မင်းတို့ပြောတဲ့ ခံစစ်မာစတာကြီးက တိုက်စစ်ကောင်းလှပါတယ်ဆိုတဲ့ တီကီတာကာဘုရင်ကြီး ဘာစီလိုနာကို လုပ်ချင်တိုင်းလုပ်သွားတဲ့ ၂၀၁၁/၁၂ ဘောလုံးရာသီအကြောင်းပဲ။ အဲ့ရာသီစပိန်လာလီဂါမှာ မော်ကြီးက ရမှတ် ၁၀၀၊ သွင်း ၁၂၁ ဂိုးနဲ့ ဘာစီလိုနာကိုကျော်ဖြတ်ပြီး ဗိုလ်ဆွဲခဲ့တာ။
အဲ့ရာသီက မော်ကြီးရဲ့ တိုက်စစ်ကစားသမားတွေ စွမ်းဆောင်ရည်ကိုလည်း ရှိုးလိုက်အုံး
ခရစ်တီယာနိုရော်နယ်ဒို - ၆၀ ဂိုး၊ ၁၅ ဖန်တီး
ကာရင်ဘန်ဇီမာ - ၃၂ ဂိုး၊ ၁၉ ဖန်တီး
ဟီဂူအင် - ၂၆ ဂိုး၊ ၁၃ ဖန်တီး
ကာကာ - ၈ ဂိုး၊ ၁၆ ဖန်တီး
အိုဇေးလ် - ၇ ဂိုး၊ ၂၈ ဖန်တီး
ဒီမာရီယာ - ၇ ဂိုး, ၁၇ ဖန်တီး
တကယ့်ကိုကြောက်ခမန်းလိလိပဲ။
ဘောလုံးအမြဲကိုင်ထားတာလည်းမဟုတ်၊ ဘောလုံးရလာရင်သာ တန်ပြန်တိုက်စစ်ကို ရော်နယ်ဒိုတို့တစ်သိုက် တစ်လုံးရ တစ်ဂိုးသွင်းပုံစံနဲ့ ပြိုင်ဘက်တွေကို စုတ်ပြတ်သတ်နေအောင်ကို လုပ်သွားခဲ့သည်။ ဘာစီလိုနာလည်းအဲ့နှစ်က ၁၁၄ ဂိုးအထိ သွင်းခဲ့သည်။ ဒါပေမယ့် မော်ကြီးက ခံစစ်ဆော့နေရင်းကို ဘောလုံးထိတိုင်း တိုက်စစ်က ဂိုးသွင်းနိုင်ဖို့ကိုပဲ စီမံနိုင်ခဲ့တာက မော်ကြီးဖန်တွေအတွက် သိပ်ကို အရသာရှိတဲ့ အခိုက်အတန့်လေးတွေထဲက တစ်ခုဖြစ်ခဲ့လိမ့်မယ်။
