ကိုယ့်အပေါ် မကောင်းခဲ့တဲ့ သူတစ်ဦးဆီက
ဘယ်လို ကောင်းမွန်ခြင်းမျိုးကိုမှ
မမျှော်လင့်ပါနဲ့ !
လူတစ်ယောက်ကို
နှစ်ခါထက်ပိုပြီး မယုံကြည်မိပါစေနဲ့ !
ပထမတစ်ခါ
ယုံကြည်မိခြင်းဟာ
သူ့ကို ယုံကြည်ပေးခြင်း ဖြစ်ပြီး
ဒုတိယတစ်ခါ
ယုံကြည်မိခြင်းဟာ
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ပါတယ်
တတိယတစ်ခါ
ယုံကြည်ပေးမိရင်တော့
ကိုယ်ဟာ အမှတ်မရှိတော့ခြင်းဖြစ်ပြီး
ထပ်ခါထပ်ခါ
ယုံကြည်ပေးမိခြင်းဟာ
တန်ဖိုးမရှိတော့ခြင်း ဖြစ်လာပါတယ်
ကိုယ့်ရဲ့တန်ဖိုးကို
ကိုယ်တိုင် မြှင့်တင်ပြီး
ချစ်ခြင်းမေတ္တာတွေကို တန်ဖိုး
ထားတတ်ကြပါစေ....
