ချယ်လ်ဆီးအသင်းသည် မန်ယူအသင်းမှ အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုကို ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
ဂါနာချို(၂၀ နှစ်)သည် မန်ယူအသင်း၏ အနာဂတ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရသော်လည်း နည်းပြသစ် အာမိုရင်မ်က အသင်းတွင် နေရာပေးလိုခြင်းမရှိသည့်အပြင် မန်ယူအသင်းအနေဖြင့်လည်း ဝင်ငွေထွက်ငွေ ဟန်ချက်ညီရန်အတွက် အကယ်ဒမီထွက်ကစားသမားများကို ရောင်းထုတ်ရန် လိုအပ်နေသောကြောင့် ဂါနာချိုမှာ ယခုဇန်နဝါရီအပြောင်းအရွှေ့မှာပင် အသင်းနှင့် လမ်းခွဲရဖွယ်ရှိနေကြောင်း သိရသည်။
ဂါနာချိုကို ခေါ်ယူရန် နာပိုလီအသင်းက ယူရိုသန်း(၅၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ပယ်ချခဲ့သည့်အတွက် ချယ်လ်ဆီးအသင်းက ယင်းထက်မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
နာပိုလီအသင်းသည် ခါဗရာစကယ်လီယာကို PSG အသင်းထံ ရောင်းထုတ်ခဲ့ပြီးနောက် ပြန်လည်အစားထိုးရန် ဂါနာချိုကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သော်လည်း မန်ယူအသင်းက ယူရိုသန်း (၇၀)အထိ အလိုရှိနေသည့်အတွက် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ လူငယ်ကစားသမားများအား ဦးစားပေးခေါ်ယူနေသည့် ချယ်လ်ဆီးအသင်းက ဂါနာချိုအား ကမ်းလှမ်းရန် စီစဉ်နေပြီး ၎င်း၏အေးဂျင့်များနှင့် ဆွေးနွေးမှုပြုလုပ်နေပြီဟု သိရသည်။
