တရုတ်နှစ်သစ်ကူးပွဲတက်မည့် ရှောင်လင်အဖွဲ့ ရောက်ရှိ
-------------------------
၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို တက်ရောက်မယ့် Songshan ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ ဇန်န ဝါရီ ၂၃ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ရောက်ရှိလာတဲ့ ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ စုစုပေါင်း ၁၄ ပါးဖြစ်ပြီး ဆိုက်ရောက်ဗီဇာကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ကို နေ့ဆွမ်းဘုဉ်းပေးဖို့အတွက် ဗဟန်း မြို့နယ်ရှိ ကွမ်ရင်စီကျောင်းတိုက်ကို ပင့်ဆောင်ခဲ့ကြပါတယ်။ အဲဒီကတစ်ဆင့် Sky Star Hotel မှာ သွားရောက် အနားယူပြီး ညနေပိုင်းမှာတော့ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ကြတယ်လို့ သိရပါတယ်။