15 w - Translate

ChatGPT မှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါလာပြီ
===================================
ChatGPT ကို မေးခွန်းတွေ မေးနိုင်တဲ့ အပြင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကိုပါ ထည့်သွင်းပေးလိုက်ပါပြီ။ OpenAI က Tasks Feature လို့ အမည်ပေးထားပြီး ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်က Reminder, Notification နဲ့ တခြား Alerts တွေကို စီမံခန့်ခွဲပေးနိုင်ပါတယ်။
ဥပမာ အနေနဲ့ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်က နံနက် ၇ နာရီတိုင်းမှာ သတင်းတွေကို ပြောပြပေးနိုင်ပါတယ်။ သင့် သူငယ်ချင်း မွေးနေ့လို အရေးကြီးတဲ့ Event တွေအကြောင်း သတိပေးနိုင်ပါတယ်။
ဒါတင် မကသေးပါဘူး။ Chat မှာ သင်က ခရီးစဉ် တစ်ခုအကြောင်းပြောထားရင် ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်က အဝတ်အစား၊ ပတ်စ်ပို့နဲ့ တခြား လိုအပ်တာတွေကို အကြံပြုပေးနိုင်ပါတယ်။
လက်ရှိမှာ Tasks ကို Paid Subscriber တွေမှာပဲ Web Version မှာ အသုံးပြုနိုင်ပါသေးတယ်။ Free User တွေအတွက် ဘယ်အချိန်မှာ ထည့်သွင်းပေးမလဲ ဆိုတာ မသိရသေးပါဘူး။
Ref : theverge

image