ဗင်နီကိုလိုက်နေတဲ့ဆော်ဒီကသူဌေးတွေ
ဆော်ဒီကတော့ ဒီအပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဆမ်ဘာစတားလေး ဗင်နီစီးယပ်စ်ကို အတော်လေး ဓာတ်ကျနေပုံရပါတယ်။ ယူရိုသန်း ၃၅၀ ပေးပြီးခေါ်ချင်တယ်ဆိုတဲ့ သတင်းတွေတက်လာပါတယ်။
ဗင်နီစီးယပ်စ် က အတော်လေးကို နာမည်ရတဲ့ ကစားသမားပါ။ ခြေစွမ်းလည်းကောင်းသလို ဆော်ဒီမြေ မှာ ခြေစွမ်းခြေစပြခဲ့ဖူးသူမို့ အခုလိုမျိုး သတင်းတွေထွက်လာတာလည်း မထူးဆန်းပါဘူး။
အပြောင်းအရွှေ့ဈေးကွက်ရောက်တိုင်း ဆော်ဒီဟာ သူတို့ခေါ်လို့မရနိုင်မယ့် ကစားသမားကို အခုလိုမျိုး ကြေးကြီး ပေးပြီးတော့ ဝယ်မယ်ဆိုတဲ့ ကောလဟာလတွေကို အမြဲလွှင့်တတ်တဲ့ အသိုက်အဝန်းပါ။
ပြီးခဲ့တဲ့နှစ်မှာဆိုရင် ဆာလာနဲ့ပတ်သက်ပြီး အခုလိုမျိုး သတင်းတွေလွှင့်ဖူးသလို ဒီနှစ်တော့ ဗင်နီကို သူတို့အတော်ဓာတ်ကျနေတာပါ၊ အဓိကက ပုံရိပ်မြှင့်ဖို့အတွက် လွှင့်တဲ့ကောလဟာလ သပ်သပ်ပါပဲ။
