15 w - Translate

အလုပ်လက်မဲ့ လူငယ်များ တပိုင်တနိုင်စီးပွါးရေးအဖြစ် ဘောလုံးပွဲလောင်းနည်းများ သင်ယူထားသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

မြန်မာနိုင်ငံတဝန်းမှာ အလုပ်လက်မဲ့လူငယ်များ များပြားလာတဲ့ ပြသနာကို ဖြေရှင်းဖို့အတွက် အဆိုပါ လူငယ်တွေအနေနဲ့ ဘောလုံးပွဲလောင်းနည်း အပြင်ကြေးကြည့်နည်း စသည်တို့ကို လေ့လာထားသင့်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမျိုးလင်း က မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

“ဒါက တပိုင်တနိုင် အိမ်တွင်းစီးပွါးရေးပဲလေ အခုခေတ်မှာ ဖုန်းတလုံးနဲ့ ငွေရှာလို့ရနေပြီ တထောင်ရင်းပြီး တသိန်းရနိုင်တာက ဒီအလုပ်ပဲရှိတာ လူငယ်တွေကို သိစေချင်တယ်လို့” ၎င်းက ပြောပါတယ်။

အဆိုပါပြောဆိုချက်နဲ့ ပတ်သတ်ပြီး NUG အစိုးရ၏ အမြဲတမ်းအတွင်းဝန် ကိုနိုင်ထူးအောင်အား ဆက်သွယ်မေးမြန်းရာ ယနေ့ည ကစားမည့် ချန်ပီယံလိဒ်ပွဲများအား မောင်းတွဲနေသဖြင့် ပြန်လည်ဖြေကြားဖို့ မအားကြောင်း သတင်းရရှိပါသည်။

image