16 ပတ် - ဘာသာပြန်ပါ။

ထိုင်းတွင် လိင်တူစုံတွဲရာပေါင်းများစွာ လက်ထပ်ထိမ်းမြား
----------------------
ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ထိမ်းမြားမှုကို တရားဝင်အသိအမှတ်ပြုလိုက်တဲ့နောက်မှာ နိုင်ငံတစ်လွှားမှာ LGBTQ စုံတွဲရာပေါင်းများစွာ လက်ထပ်မင်္ဂလာဆောင်ကြဖို့ ရှိနေပါတယ်။ ကြာသပတေးနေ့က ဘန်ကောက် မြို့လယ်မှာရှိတဲ့ စျေးဝယ်စင်တာကြီးတစ်ခုမှာ LGBTQ စုံတွဲ တစ်ရာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ LGBTQ စုံတွဲ တွေဟာ တခြားစုံတွဲတွေလိုပဲ အမွေခံခွင့်၊ မွေးစားခွင့်၊ ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲခွင့်နဲ့ မိဘတွေရဲ့ ကျန်းမာရေး ကုသမှုအပေါ်မှာလည်း ဆုံးဖြတ်ချက် ချပိုင်ခွင့်တွေ ရရှိထားပါတယ်။

အခု လိင်တူလက်ထပ်ခွင့် ဥပဒေ အတည်ဖြစ်လာပေမဲ့ ထိုင်းနိုင်ငံက ဥပဒေတော်တော်များများဟာ ကျား ၊ မ ခွဲခြားသတ်မှတ်တာတွေ ပါဝင်နေသေး တာကြောင့် ပြင်ဆင်ရမဲ့ ဥပဒေတွေ အများအပြားရှိသေးတယ်လို့ တက် ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံဟာ အရင်ကတည်းက LGBTQ တွေအတွက် နားခိုရာနေရာ တစ်ခုဖြစ် တည်ရှိနေခဲ့တာဖြစ်ပါတယ်။

image