ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဝါယာရှော့ဖြစ်၍ ပျဉ်ထောင်အိမ်(၂) လုံး မီးလောင်မှုဖြစ်ပွား
ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၅၆) ရပ်ကွက်၊ စုပြည့်ရတနာလမ်းတွင် ဝါယာရှော့ဖြစ်၍ ပျဉ်ထောင်အိမ်(၂) လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ယနေ့ဇန်နဝါရီလ ၂၃ ရက် နံနက် ၆ နာရီ ၂ မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသော ကြောင့် ဖြစ်စဉ်နေရာသို့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂) စီး၊ မီးသ တ်ရေသယ်ယာဉ်(၁) စီး၊ (၇၀)နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသ တ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ H Rescue အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့နှင့်အတူ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်း၍ နံနက် ၆ နာရီ ၂၃ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ နံနက် ၆ နာရီ ၂၈ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
“ဝါယာရှော့ကနေ မီးလောင်တာ။ ပျဉ်ထောင်အိမ်နှစ်လုံးမီးလောင်တယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာမရဘူး” လို့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထို့ပြင် ဇန်နဝါရီလ ၂၂ ရက် နေ့လည် ၃ နာရီ ၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီးကုန်းဘောင်တောင်ရပ်ကွက်၊ ဒဂုံစင်တာ(၂) အပေါ်ထပ် (၁၀) လွှာတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
#သတင်းဟင်းလေးအိုးကြီး
