အသင်းသစ်နဲ့ ပထမဆုံးပွဲမှာ ဂိုးပြတ်နိုင်ခဲ့တဲ့ ဆိုးရှား
တူရကီကလပ် ဘက်ဆစ်တပ်အသင်းကို နည်းပြအဖြစ်ကိုင်တွယ်နေပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နည်းပြဟောင်း အိုလေဂန်နာဆိုးရှား ဟာ ဒီကနေ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းသစ်ကို စတင်ကိုင်တွယ်ခဲ့ပြီး နိုင်ပွဲ ရယူပေးခဲ့ပါတယ် ။
ဘက်ဆစ်တပ်အသင်းဟာ စပိန်လာလီဂါကလပ် ဘီဘာအို အသင်းကို အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဖွင့်ဂိုးကို ဆိုးရှား မန်ယူနိုက်တက်မှာ နာမည်ကြီးခဲ့တဲ့ counter play ကနေ သွင်းယူခဲ့တာပဲ ဖြစ်ပါတယ် ။
ဒီနိုင်ပွဲဟာ ဘက်ဆစ်တပ်အတွက် အဖိုးတန်ခဲ့ပြီး ယူရိုပါလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေ ဖြစ်လာစေခဲ့ပါတယ်
#ဘောလုံးသတင်းစုံ
