မိုနာကိုအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ကိုအသင်းဆီအငှားခေါ်ယူဖို့စိတ်ဝင်စားနေပြီး အဆိုပါပြင်သစ်ကလပ်အသင်းအနေနဲ့ အဆိုပါအဂ်လန်ကစားသမားရဲ့လုပ်ခလစာအများစုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုလက်ခံဖို့အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဂ်လန်တောင်ပံကစားသမားမားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ သရဲနီအသင်းကနေ ပြင်သစ်လိဂ်ဝမ်းနာမည်ကြီးကလပ်မိုနာကိုအသင်းဆီအငှားပြောင်းရွှေ့ဖွယ်ရှိတယ်လို့ The Sun သတင်းက ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လိဂ်ဝမ်းကလပ်ဟာ ငွေကြေးလုံလောက်မှုရှိတဲ့အသင်းဖြစ်တာနဲ့အတူဖြစ်နိုင်ချေရှိတဲ့ရွေးချယ်စရာအသင်းဖြစ်ပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့လုပ်ခလစာအားလုံးအတွက်တာဝန်မယူနိုင်ပေမဲ့လည်း လုပ်ခလစာအများစုကိုပေးချေဖို့စဉ်းစားသုံးသပ်နေတာဖြစ်ပါတယ်။

အေစီမီလန်အသင်းအနေနဲ့ကတော့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုစိတ်ဝင်စားမှုအဆုံးသတ်ခဲ့ပြီး ဘိုရပ်ရှ်ရှားဒေါ့မွန်အသင်းကလည်းအဆိုပါအဂ်လန်ကစားသမားကိုအငှားခေါ်ယူချင်ပေမဲ့ လုပ်ခလစာတဝက်လောက်ကိုသာပေးချေချင်နေတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image