Trump ရဲ့ကမ္ဘာ့အကြီးဆုံး AI Project "Stargate" 🤖⭐
အစိုးရအဖြစ်တက်လာပြီး နှစ်ရက်အကြာမှာတော့ Trump တစ်ယောက် ကြေငြာလိုက်တဲ့ Stargate Project ဟာဒေါ်လာ ၅၀၀ ဘီလီယံ သုံးမယ့်သမိုင်းတစ်လျှောက် အကြီးမားဆုံး AI Project တစ်ခုဖြစ်လာပါပြီ။
ဘယ်သူတွေပါဝင်မလဲ....❓👥👥
Chat GPT ရဲ့ခေါင်းကိုင်ကုမ္ပဏီ Open AI ၊ Japan SoftBank နဲ့ Oracle Technology လုပ်ငန်းစုတွေက Project ကိုအဓိကဦးဆောင်မှာဖြစ်ပြီး နည်းပညာအကူအညီအနေနဲ့ Microsoft, Nvidia နဲ့ Arm တို့လိုTech giant တွေလည်းပါဝင်သွားမှာပါ။
ဘာတွေလုပ်မှာလဲ....❓❓❓
AI တစ်ခုလည်ပတ်ဖို့အရေးပါတဲ့အခြေခံအဆောက်အအုံတွေဖြစ်တဲ့ Colossal Data Center တွေကို US အနှံ့တည်ဆောက်သွာမယ့်ပုံစံပါ။ Trump ကတော့တ_ရု-တ် ကိုတော့အဓိကပြိုင်ဘက်အနေနဲ့ရှုမြင်ပြီး တခြားနိုင်ငံတွေဟာလည်းပြိုင်ဘက်ပဲဖြစ်တယ်လို့ဆိုပါတယ်။
ဆိုးရိမ်စရာတစ်ခုက အရင်အစိုးရတုန်းက AI ပိုင်းလုပ်ကိုင်နေတဲ့ နည်းပညာကုမ္ပဏီကြီးတွေအနေနဲ့လိုက်နာရမယ့် Safety Guideline ကို Trump အစိုးရကပယ်ဖျက်လိုက်ပါပြီ။ ဒီတော့ Ethical ပိုင်း Safety ပိုင်းအတွက်ကဆိုးရိမ်စရာတော့ရှိပါတယ်။ တစ်ဖက်မှာလည်း US အခြေစိုက် AI လုပ်ငန်းတွေအနေနဲ့ National Development Guidelines လိုက်နာဖို့မလိုတော့ပဲ လွတ်လွတ်လပ်လပ်လုပ်လာမှာဖြစ်ပါတယ်။
