နာမည်ကြီးအနုပညာရှင်တွေတက်ရောက်ခဲ့ကြတဲ့ OPPO Reno13 Series Launch Event ပွဲ

ဇန်နဝါရီ ၂၃

OPPO Reno13 Series Launch Event ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Melia' Hotel မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

"Oppo Reno 13 Series ရဲ့ Product Lunch ပွဲကိုတက်ဖြစ်တာပါ။ ထိပ်က လူငယ်လည်းဖြစ်တော့လေ။ ဖုန်းအသစ်တွေထွက်လာရင် အကုန်လုံးကို လေ့လာပြီး လုပ်ကြည့်ဖြစ်ပါတယ်။ သူတို့ပါဝင်တဲ့ Feature ဘာတွေပါလဲ ကလိကြည့်ဖြစ်တယ်။ ရေအောက်မှာ ရိုက်ကူးလို့ရတဲ့ အရာတွေပါတော့ အဆင်ပြေတယ်။AI အထူးပြုလုပ်ချက်တွေလည်း ပါတယ်လေ။ အလှကြိုက်တဲ့ မိန်းကလေးတွေအတွက် လိပ်ပြာပုံစံလေးပါတော့ သဘောကျပါတယ်။ အရမ်းလည်း ကြိုက်ပါတယ်လို့ ပြောချင်ပါတယ်။ ထိပ်က ဖုန်း အရောင်နုနုလေးတွေ ကြိုက်တယ်" လို့ သရုပ်ဆောင် စံထိပ်ထားဦးက ပြောပါတယ်။

အဆိုပါ အခမ်းအနားကို Oppo Brand Ambassador ပိုင်တံခွန်၊ Lu Hpring၊ ရှိုင်း၊ စံထိပ်ထားဦး၊ တေဇာလင်းရောင်၊ ထက်အောင်ရှိုင်း၊ Ashley Kokoe၊ ဆုလာဘ်ရတနာ၊ နေနွယ်ဇင်လင်း၊ ဂူဂူး၊ လင်းအောင်ခေတ်၊ စုထက်၊ ပြည်ညိမ်းဟန်၊ Rain စတဲ့ အနုပညာရှင်တွေတက်ရောက်ခဲ့ကြပြီး Oppo Reno 13 Series တွေအကြောင်းတွေ ရှင်းလင်းပြောဆိုချပြသလို ဈေးနှုန်းအသီးသီးကို ဖော်ပြပေးခဲ့ကြပါတယ်။

Credit - MT Entertainment

#သတင်းဟင်းလေးအိုးကြီး

imageimage
+6